ယူကရိန်း စစ်လေယာဉ် ပစ်ချခံခဲ့ရသည့်နေ့ကို ၀မ်းနည်းကြေကွဲဖွယ်နေ့အဖြစ် သမ္မတကြေညာ

ဓာတ်ပုံ - ရိုက်တာ
ဇွန်လ ၁၄ ရက်နေ့က ယူကရိန်းနို်င်ငံ အရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေက အစိုးရ စစ်လေယာဉ်တစင်း ပစ်ချလိုက်တဲ့နောက် သမ္မတက ၀မ်းနည်းကြေကွဲဖွယ်နေ့အဖြစ် ကြေညာထားပါတယ်။ ရုရှားနဲ့ နယ်စပ်က လူဟန့်စ် လေဆိပ်နားကို ၀င်လာချိန်မှာ လေယာဉ်ပစ် ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာဖြစ်ပြီး လေယာဉ်ပေါ် ပါတဲ့ ၄၉ ယောက်စလုံး သေဆုံးတဲ့အတွက် တကြိမ်တည်းနဲ့ အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှုလည်း ဖြစ်ပါတယ်။ [caption id="attachment_58586" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဒါဟာ သူပုန်တွေကို အစိုးရက စစ်ဆင်နေတဲ့အချိန်မှာ ကြီးမားတဲ့ ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။ အခြေအနေကို ဆွေးနွေးဖို့ သမ္မတ ပက်ထရို ပိုရိုရှန်ကိုက လုံခြုံရေးအကြီးအကဲတွေကို ဆင့်ခေါ်ထားပြီး ထိထိရောက်ရောက် လက်တုံ့ပြန်သွားမယ်လို့လည်း ကတိပြုထားပါတယ်။ ဒီတိုက်ခိုက်မှုကို အကြောင်းပြုလို့ ရုရှားနဲ့ ယူကရိန်းရဲ့ အဓိက မဟာမိတ်တွေ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုတို့ ကြားမှာ ဆက်ဆံရေး တင်းမာလာဖွယ် ရှိပါတယ်။ ယူကရိန်းမှာ ရုရှားလိုလားတဲ့ သူပုန်တွေကို ရုရှားက လက်နက်တပ်ဆင်ပေးနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။ ရုရှားဘက်က သံချက်ကာ စစ်ကားတွေ လက်နက်တွေ ပို့ပေးနေတဲ့ သက်သေတွေကြောင့် အမေရိကန်နဲ့ အီးယာူတို့က ရုရှားကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်မှာတော့ အကန့်အသတ်နဲ့ ဗီဇာ ပိတ်ပင်တာ။ တချို့လူတွေ၊ ဘဏ်တွေ၊ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တဲ့ နည်းလမ်းတွေနဲ့ အရေးယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up