Friday, June 9, 2023
HomeLead Storyတရားစီရင်ရေးပြုပြင်ပြောင်းလဲမှု ဥပ‌ဒေကြမ်း အစ္စရေးပါလီမန် အတည်ပြု

တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု ဥပ‌ဒေကြမ်း အစ္စရေးပါလီမန် အတည်ပြု

အစ္စရေးပါလီမန် လေ့လာသုံးသပ်ရေးအဖွဲ့ဟာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အကြိတ်အနယ် တင်သွင်းခဲ့တဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုထဲက အဓိကဥပဒေကြမ်း ဖြစ်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်ကို မတ်လ ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။

ဘာသာရေး-အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့တွေကို တရားသူကြီးတွေ ခန့်အပ်မှုအပေါ် ပိုပြီးထိန်းချုပ်နိုင်ခွင့်တွေ ပေးအပ်မယ့် ဥပဒေကြမ်းအပေါ်  အပြင်းအထန်ကန့်ကွက်နေတဲ့ လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကော်မတီ အစည်းအဝေးအတွင်း အတိုက်အခံ လွှတ်တော်အမတ်အသီးသီးက စားပွဲခုံဝိုင်းတွေပေါ် လက်တွေနဲ့ ရိုက်တီးပြီး “ရှက်စရာကြီး” လို့ ဝိုင်းအော်ကြသလို တချို့ကိုလည်း ခန်းမအပြင်ဘက်ကို ခေါ်ထုတ်သွားကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားမျှတမှုဆိုင်ရာကော်မတီ အကြီးအကဲကတော့ ကော်မတီမှာ ဥပဒေပြုရေးကိစ္စတွေကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့က အားကောင်းနေဆဲပဲလို့ ပြောပါတယ်။

“အစ္စရေးမှာ ရွေးကောက်ပွဲရလဒ်ကို တချို့အဖွဲ့တွေက လက်မခံတဲ့အတွက် ဥပဒေပြဋ္ဌာန်းတာကို ရပ်ဖို့ ပြည်သူတွေက တောင်းဆိုနေတာဟာ ဒီမိုကရေစီမဆန်ဆုံး ကိစ္စတခုလို့ ထင်မြင်ကြောင်း” လည်း ကော်မတီရဲ့ အကြီးအကဲ လက်ယာယိမ်းအမတ် ဆင်မ်ချာ ရို့သ်မန်က ရိုက်တာကို ပြောပါတယ်။

တရားစီရင်ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်ဖို့ ခါးခါးသီးသီး ပြိုင်ဆိုင်နေတဲ့ အစီအစဉ်တွေကို ရပ်တန့်ဖို့ အစိုးရကို ဖိအားပေးခဲ့တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂလာ့ထ်ကို ထုတ်ပယ်လိုက်တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ လူအစုလိုက်အပြုံလိုက် တညလုံး ဆန္ဒပြခဲ့ကြပြီး နောက်တရက်အကြာမှာ လွှတ်တော်အမတ်တွေက အခုလို ပါလီမန်အတွင်း အော်ဟစ်ဆူညံ ဆန္ဒပြခဲ့ကြတာပါ။

တိုင်းပြည်ကိုတုန်လှုပ်သွားစေတဲ့ လူထုဆန္ဒပြပွဲတွေနဲ့အတူ အတိုက်အခံခေါင်းဆောင် ယာယစ် လာဖျု(ထ်) က နိုင်ငံရေးမတည်ငြိမ်မှုကို ‘ရူးနေတာ’ လို့ ပြောကြားလိုက်ပြီး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂလာ့ထ်ကို ထုတ်ပယ်လိုက်တာကို ပြန်ပယ်ဖျက်လိုက်ဖို့ နေတန်ယာဟုကို တောင်းဆိုခဲ့ပါတယ်။

“အခုချိန်က နယ်ပယ်အားလုံးမှာ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကြားမှာ အစ္စရေးနိုင်ငံဟာ ကာကွယ်ရေးဝန်ကြီးကို ပြောင်းလဲဖို့က မဖြစ်နိုင်သေးကြောင်း” အတိုက်အခံခေါင်းဆောင် ယာယစ် လာဖျု(ထ်) က ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular