Friday, June 9, 2023
HomeLead Storyပီအက်စ်ဂျီအသင်း၏ ကမ်းလှမ်းချက်ကို ရက်ရှ်ဖို့ဒ် ပယ်ချ

ပီအက်စ်ဂျီအသင်း၏ ကမ်းလှမ်းချက်ကို ရက်ရှ်ဖို့ဒ် ပယ်ချ

မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး အသင်းနဲ့ နောက်ထပ်တစ်နှစ်သက်တမ်းမတိုးခင်မှာ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းချက်ကိုရရှိခဲ့တာလို့  The Athletic  သတင်းမှာဖော်ပြပါတယ်။

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌကိုယ်တိုင်က ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ဖူးသလို အပြောင်းအရွှေအတွက် စကားပြောခဲ့ဖူးကြောင်း၊ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကျန်နေသေး လို့ နှစ်ဦးနှစ်ဖက်အတွက် ဆွေးနွေးဖို့ အချိန်ကောင်းမဟုတ်ကြောင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံး ချိန်မှာဆိုရင်တော့ ရက်ရှ်ဖို့ဒ်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆွေးနွေးလို့ ရနိုင်တာဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ  အယ်လ်ခါလိုင်ဖီက ပြောခဲ့ဖူးတာပါ။

ရက်ရှ်ဖို့ဒ်ဟာ အခုနှစ်ရာသီမှာတော့ အကောင်းဆုံး ခြေစွမ်းပြသနေတာကြောင့် ပီအက်စ်ဂျီအသင်းဆီ မပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်း Athletic သတင်းစာက သုံးသပ်ရေးသားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular