Friday, June 9, 2023
HomeLead Storyကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်က ၂ ဦးသာပါဝင်

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်က ၂ ဦးသာပါဝင်

ကမ္ဘာ့တန်ဖိုအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်က ကစားသမား ၂ ဦးသာပါဝင်ခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးအရတန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းကို Football Benchmark ကထုတ်ပြန်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ပေါင် ၁၇၆ သန်းနဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။

အဲဒီနောက်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပေါင် ၁၄၅ သန်းနဲ့ ဒုတိယ၊ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင် ၁၃၃ သန်းနဲ့ တတိယနေရာတွေမှာရပ်တည်ခဲ့တာပါ။

သူတို့သုံးဦးရဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်က ဗင်နီဆီးယက်စ်က ပေါင် ၁၂၄ သန်း၊ မန်စီးတီးက ဖိုဒန်က ပေါင် ၁၂၂ သန်း၊ ဘိုင်ယန်က မူဆီယာလာက ပေါင် ၁၁၉ သန်း အသီးအသီး သတ်မှတ်ခံရပြီး အစဉ်လိုက်ရပ်တည်ပါတယ်။ 

အဲဒီနောက်မှာ ဘာစီလိုနာက ဂါဘီနဲ့ ပတ်ဒရီ၊ ရီးယဲလ်က ဗယ်ဗာဒီနဲ့ ချူအာမန်နီတို့က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ထိပ်တန်း ၁၀ ဦး စာရင်း မှာပါဝင်ခဲ့တာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular