A d v e r t i s e m e n t With Us

ဝေဖန်မှုကြောင့် အမ်အာတီဗွီက ကမ္ဘာ့ဖလားပွဲ ၈ ပွဲ တိုက်ရိုက် ထုတ်လွှင့်ပေးမည်

2014FIFAWorldCuplogo2-FIFAဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေထဲက ပွဲစဉ် ၈ ခုကို စကိုင်းနက်ကနေ ရယူပြီး Free To Air အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ နိုင်ငံပိုင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းဌာန (အမ်အာတီဗွီ)က ထုတ်ပြန်ကြေညာပါတယ်။ အမ်အာတီဗွီဌာနရဲ့ ညွှန်မှူး ဦးမျိုးမြင့်မောင်ကတော့ စကိုင်းနက်နဲ့ နီးကပ်မှ စီစဉ်ရတာမို့ အခုလို ၈ ပွဲပဲ ထုတ်လွှင့်နိုင်တာ ဖြစ်ကြောင်း ရှင်းပါတယ်။ စကိုင်းနက်တာဝန်ရှိသူတွေကတော့ ဖီဖာကနေ ဘယ်လို သဘောတူညီချက်နဲ့ ၀ယ်ထားတယ်၊ ဈေးနှုန်း ဘယ်လောက်ဆိုတာ ထုတ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။ စကိုင်းနက်ကတော့ Free To Air ဆိုပြီး မန္တလေးမှာပဲ ဖမ်းယူ ကြည့်ရှုနိုင်တဲ့ အမ်အန်တီဗွီချယ်နယ်ကနေ ပွဲစဉ် ၂၃ ခု အခမဲ့ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပြီး ပွဲစဉ်အားလုံး ကြည့်ချင်တယ် ဆိုရင် စကိုင်းနက်စက်ကို ၀ယ်ယူတပ်ဆင်ရမယ်လို့ ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up