ဇွန်လ ၁၃- ၁၄ ကမ္ဘာ့ဖလား ပွဲကြိုမှတ်တမ်း

မက္ကစီကို - ကင်မရွန်း (အုပ်စု - အေ) နာတယ်မြို့က ဒူနတ်စ်ကွင်း (မြန်မာစံတော်ချိန် ဇွန်လ ၁၃ ရက် ည ၁၀ နာရီခွဲ) မက္ကစီကိုအသင်းဟာ ကမ္ဘာ့ဖလားပွဲတွေမှာ အာဖရိကအသင်းတွေကို တခါမှ အနိုင်မရခဲ့ဖူးပါဘူး။ ဒီ နှစ်သင်း တခါပဲဆုံဖူးပြီး မက္ကစီကိုအသင်းက ကင်မရွန်းအသင်းကို အနိုင်ရဖူးတဲ့မှတ်တမ်း ရှိပါတယ်။ ၁၉၉၃ စက်တင်ဘာလက အမေရိကန်ပြည်ထောင်စု အယ်လ်အေမှာ ကန်တဲ့ ချစ်ကြည်ရေးပွဲမှာ မက္ကစီကိုက ကင်မရွန်းအသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရဖူးတာပါ။ သြစတေးလျ - ချီလီ (အုပ်စု - ဘီ) ကူရီယာဘာမြို့က ပန်တာနယ်လ် အားကစားကွင်း (မြန်မာအချိန် ဇွန်လ ၁၄ ရက် မနက် ၃ နာရီခွဲ) ချီလီဟာ တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ အာဂျင်တီးနားပြီးရင် ဒုတိယနေရာရခဲ့တဲ့ အသင်းပါ။ ၁၆ ပွဲမှာ သွင်းဂိုး ၂၉ ဂိုးသွင်းထားပါတယ်။ တိုက်စစ်မှူး အီဒူရာဒို ဗားဂတ်စ်နဲ့ ကွင်းလယ်လူ အာတူရို ဗီဒဲလ်တို့ဟာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူတွေ ဖြစ်ပါတယ်။ အရင်က ဒီနှစ်သင်း ၄ ကြိမ် တွေ့ဆုံခဲ့ဖူးရာမှာ ချီလီက ၃ ပွဲ နိုင်ဖူးပြီး ၁ ပွဲ သရေနဲ့ သြစတေးလျက တခါမှ ချီလီကို မနိုင်ဖူးပါဘူး။ နောက်ဆုံးတွေ့ဆုံမှုကတော့ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလက ၄ နိုင်ငံချစ်ကြည်ရေးပွဲမှာ ချီလီက သြစတေးလျကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ စပိန် - နယ်သာလန် (အုပ်စု - ဘီ) ဆယ်ဗာဒိုမြို့ ဖွန်တီနိုဗာ ကွင်း (မြန်မာအချိန် ဇွန်လ၁၄ရက် မနက် ၁နာရီခွဲ) ပြီးခဲ့တဲ့ ၂၀၁၀  ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်က နယ်သာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲထားပါတယ်။ စပိန်အသင်းက ဂိုးသမား ကာဆီလက်စ်ဟာ အင်္ဂလန်က ပီတာရှယ်တန်နဲ့ ပြင်သစ်ဂိုးသမား ဘားသက်တို့နဲ့အတူ ကမ္ဘာ့ဖလားပွဲ ၃ ကြိမ် ပွဲပေါင်း ၁၀ ပွဲ ကစားဖူးတဲ့ မှတ်တမ်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up