Friday, June 9, 2023
HomeLead Storyနေပြည်တော်တွင် မီးလောင်ပြီး နေအိမ် ၂ လုံးဆုံးရှုံး၊ မသန်စွမ်းကလေးငယ် ၁ ဦး ဒဏ်ရာရ

နေပြည်တော်တွင် မီးလောင်ပြီး နေအိမ် ၂ လုံးဆုံးရှုံး၊ မသန်စွမ်းကလေးငယ် ၁ ဦး ဒဏ်ရာရ

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ အမှတ် ၄ ရပ်ကွက်၊ ခရေလမ်းသွယ်မှာ မတ်လ ၂၃ ရက် မနက် ၉ နာရီလောက်က နေအိမ် ၂ လုံး မီးလောင်ကျွမ်းပြီး မသန်စွမ်းကလေးတဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌ဦးစိုးတင့်ရဲ့နေအိမ်ကနေ မနက် ၉ နာရီလောက် ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့အတွက် ဘေးခြံဝန်းကပ်လျက် ဦးစိုးသိန်းနေအိမ်ကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ ရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။

မီးလောင်တဲ့နေရာကို လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် ၃ စီးနဲ့ ရောက်ရှိလာပြီး ရပ်ကွက်နေပြည်သူတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ‌ဦးစိုးတင့်ရဲ့ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်းနေအိမ် ၁ လုံး၊ ဈေးဆိုင်ခန်းငယ် ၁ လုံး၊ ဦးစိုးသိန်းရဲ့ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး၊ တန်ဖိုးအနေနဲ့ ကျပ်သိန်း ၉၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုကြောင့် ‌အသက် ၁၃ နှစ်အရွယ် မသန်စွမ်းကလေးငယ်တဦး မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တဲ့အတွက် လယ်ဝေး ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ရပ်ကွက်ပြည်သူတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular