Sunday, June 11, 2023
HomeLead Storyကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးပစ်သဖြင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးပစ်သဖြင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မတ် ၂၁ ရက် ည ၉ နာရီကနေ ၁၂ နာရီထိ သိမ်ဇရပ် စစ်ကောင်စီအ‌ေမြာက်တပ် ၃၁၀ နဲ့ ကင်မွန်းစခန်း ရဲကုန်းတို့ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံထောင်ချီ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးနဲ့ပစ်နေတာက ၁၆ ချက်လောက်ရှိပါမယ်၊ ဘာတိုက်ပွဲလဲ မရှိဘဲ အခုလို အကြောင်းမဲ့ ပစ်နေခဲ့တာ၊ ကျိုက်ထီးရိုးတောင်ခြေဘက် ကင်မွန်းစခန်း အရှေ့ဘက်က ရွာတကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့ကရဝေးဆိပ် ရွာတွေက ပစ်ခတ်ခံရတာ၊ ဒေသခံ ၇,၀၀၀ ကျော် ညတွင်းချင်း ပြောင်း‌ေရွှ့ရတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ငှက်ပျောတောကျေးရွာထဲသို့ ၇ လုံး၊ ကရဝေးဆိပ် အထက်စုကို ၅ လုံးနဲ့ တခြားနေရာဘက်တွေမှာပါ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မ ၄၄ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညနေ ၄ နာရီလောက်က လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ငှက်ပျောတောကျေးရွာထဲကျပြီး နွားတကောင် ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်တပ်က ကင်မွန်းစခန်း အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ပစ်ခတ်နေတာဟာ ညတိုင်းနီးပါးရှိနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေပါတယ်။

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေကို ကုသဖို့ ဆေးဝါးအကူအညီနဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားတဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular