မနီလာမြို့ တရုတ်သံရုံးရှေ့တွင် ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ဒါဇင်နဲ့ ချီတဲ့ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူတွေဟာ မနီလာမြို့တော် စီးပွားရေးရပ်ကွက်က တရုတ်သံရုံးရှေ့မှာ ဇွန် ၁၂ ရက် ဒီနေ့က စီတန်းလှည့်လည်ရင်း တောင်တရုတ်ပင်လယ် အငြင်းပွား ရေပိုင်နက်အတွင်း တရုတ်ရဲ့ လှုပ်ရှားမှုတွေကို ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။ Chinaဆန္ဒပြသူ အယောက် ၇၀ လောက်က သံရုံးအပြင်ဘက်မှာ တရုတ် ဆန့်ကျင်ရေးဆောင်ပုဒ်တွေ ကြွေးကြော်ရင်း ဖိလစ်ပိုင်အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။ ဆန္ဒပြသူ တဦးက “တရုတ်က အချုပ်အခြာအာဏာကို ထိပါး ချိုးဖောက်နေတယ်။ ကိုယ့်နိုင်ငံကို၊ အာဆီယံကို၊ ကမ္ဘာ့ကြီးကို တရုတ်က အလွဲသုံးစား လုပ်နေလို့ ဆန့်ကျင် ဆန္ဒပြတာ” လို့ ပြောပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွား သန္တာကျောက်တန်းကို တရုတ်က မောင်ပိုင်စီးတယ်လို့ ဖိလစ်ပိုင်အစိုးရက အရင်လက စွပ်စွဲပါတယ်။ ဖိလစ်ပိုင်က မာဘီနီ သန္တာကျောက်တန်းလို့ ခေါ်ပြီး တရုတ်က ဂျွန်ဆင်ကျောက်တန်းလို့ ခေါ်တဲ့နေရာကို တရုတ်က မြေကြီးနဲ့ ပစ္စည်းတွေ သယ်လာတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရကတေ့ စွမ်းအင်သယံဇာတ ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို ပိုင်တယ်လို့ အခိုင်အမာပြောရင်း အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ အာဆီယံ ၄ နိုင်ငံနဲ့ တိုင်ဝမ်ကျွန်းတို့နဲ့ ပိုင်နက် အငြင်းပွားနေပါတယ်။ ဒီအရေးကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ တိုက်ရိုက် ဖြေရှင်းသင့်တယ်လို့ တရုတ်က ပြောရင်း အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်မှုကို ကြိုတင် ကာကွယ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up