ကမ္ဘာ့ဖလားပွဲ ၂၃ ပွဲ စကိုင်းနက် အမ်အန်တီဗွီက လွှင့်မည်

world-cup-2014-stadiumsမြန်မာနိုင်ငံအတွက် ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တဦးတည်း ထုတ်လွှင့်ခွင့် ၀ယ်ယူထားတဲ့ စကိုင်းနက် ရုပ်သံကုမ္ပဏီဟာ ရွေးချယ်ထားတဲ့ ပွဲစဉ် ၂၃ ပွဲကို သူရဲ့ အမ်အန်တီဗွီ ချန်နယ်ကနေ Free To Air ထုတ်လွှင့်မယ်လို့ ကြေညာပါတယ်။ ဒီကနေ့ အသေးစိတ်ကြေညာချက်အရ အုပ်စုပွဲစဉ် ၁၆ ပွဲ၊ ရှုံးထွက်ပွဲစဉ် ၂ ပွဲ၊ ကွာတားဖိုင်နယ် ၂ ပွဲ၊ ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲ ၁ ပွဲကို အမ်အန်တီဗွီလိုင်းကနေ ထုတ်လွှင့်ပေးမယ်လို့ ဆိုပါတယ်။ လက်ရှိ အမ်အန်တီဗွီချန်နယ်ကို မန္တလေးနဲ့ စစ်ကိုင်း မိုင် ၆၀ ပတ်လည်လောက်မှာပဲ Free To Air ဖမ်းယူ ကြည့်ရှုနိုင်ပြီး ကျန်တနိုင်ငံလုံး ဘယ်နေရာမှာမှ ဖမ်းယူ ကြည့်ရှုနိုင်ခြင်း မရှိတာမို့ ဒါဟာ Free To Air ဖမ်းယူ ကြည့်ရှုနိုင်တဲ့သဘော မဟုတ်ဘူးလို့ ဘောလုံးပရိသတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။ တကယ်လို့ စကိုင်းနက်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကနေ မြန်မာနိုင်ငံအတွင်း ပွဲစဉ် ၂၀ ကျော် Free To Air ထုတ်လွှင့်မယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ၀ယ်ယူခဲ့တာဆိုရင် ဒါဟာ စည်းကမ်းချိုးဖောက်တာ ဖြစ်ပြီး ဖီဖာကို တိုင်တန်းလို့ ရကြောင်း တရားလွှတ်တော် ရှေ့နေဦးကျော်သိန်းက ထုတ်ဖော်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up