ကွန်ဂိုနှင့်ရ၀မ်ဒါ နှစ်နိုင်ငံ အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်

အာဖရိကတိုက် အနောက်အလယ်ပိုင်းက ကွန်ဂိုနဲ့ ရ၀မ်ဒါ ၂ နိုင်ငံကြား နယ်စပ် ဖြတ်ကျော် စီးနင်းမှုတွေ လုပ်တယ်လို့ တဖက်နဲ့ တဖက် စွပ်စွဲရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့အပြီး ဇွန် ၁၁ ရက်နေ့က ကွန်ဂိုတပ်တွေဟာ ရ၀မ်ဒါနိုင်ငံနယ်စပ်မှာ တပ်စွဲထားပါတယ်။ Congolese and troops gather at borderကွန်ဂိုအစိုးရက အရင်အပတ်က ဖြစ်ခဲ့တဲ့ ကီဗူးမြောက်ပိုင်းက လူသတ်စီးနင်းမှုကို ရ၀မ်ဒါနိုင်ငံက လုပ်တယ်လို့ စွပ်စွဲပါတယ်။ ရ၀မ်ဒါကတော့ နယ်စပ်ကို ဖြတ်ကျော်ပြီး ရ၀မ်ဒါစခန်းကို လာတိုက်တဲ့ ကွန်ဂိုတပ်ကို သူတို့တပ်က တိုက်ခိုက်လို့ ကွန်ဂိုစစ်သား ၅ ယောက် သေတယ်လို့ ပြောပါတယ်။ မနှစ်က ကွန်ဂိုအရှေ့ပိုင်း ဆန္ဒပြမှုကို နှိမ်နင်းခဲ့တဲ့ ကွန်ဂိုစစ်တပ်ကို ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးခဲ့ရပါတယ်။ ရ၀မ်ဒါစစ်တပ်ဟာ ကွန်ဂိုသူပုန်တွေကို ၁၉၉၆ ခုနှစ်တည်းက စစ်ပွဲ ၂ ခု အတွင်း ကျောထောက်နောက်ခံ ပေးခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ရ၀မ်ဒါတပ်တွေ တရားဝင် ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ အဲဒီတည်းက ကွန်ဂိုအစိုးရနဲ့ ကုလသမဂ္ဂပညာရှင်တွေက ရ၀မ်ဒါအစိုးရဟာ ကွန်ဂို သူပုန်တွေကို ကျောထောက်နောက်ခံပေးတယ်လို့ ထပ်ခါထပ်ခါ စွပ်စွဲခဲ့ပါတယ်။ ရ၀မ်ဒါကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ၁၉၉၄ ခုနှစ် ရ၀မ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်သူ ဟူတူပြည်သူ့စစ်အဖွဲ့က စစ်သွေးကြွတွေကို ကွန်ဂိုနိုင်ငံက ပံ့ပိုးတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ ရ၀မ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုအတွင်း တွက်စီလူမျိုး အနည်းဆုံး ၈ သိန်းနဲ့ တွစ်စီတွေကို စာနာတဲ့ ဟူတူလူမျိုးတွေလည်း အသတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up