ကမ္ဘာ့ဖလား ထူးခြားမှတ်တမ်း

ကမ္ဘာ့ဖလားပွဲ အကြိမ်အများဆုံး ၅ ကြိမ် ဗိုလ်စွဲခဲ့တဲ့အသင်း - ဘရာဇီး ( ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄၊ ၂၀၀၂)။ world cup2014ကမ္ဘာ့ဖလားပွဲတွေမှာ အကြိမ်အများဆုံး ၀င်ကစားခဲ့တဲ့ ကစားသမား- မက္ကစီကိုကစားသမား အန်တိုနီရို ကာဘာဂျယ် ၅ ကြိမ်၊ ဂျာမနီကစားသမား လိုသာမက်သီးယပ်စ် ၅ ကြိမ်။ ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးသွင်းသူ - ဘရာဇီးတိုက်စစ်မှူး ရော်နယ်လ်ဒို ၁၉၉၈၊ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပွဲ ၃ ကြိမ်မှာ ၁၅ ဂိုးသွင်းပြီး စံချိန်တင်ထားပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ် ၁ ကြိမ်မှာ ဂိုးအများဆုံးသွင်းစံချိန်တင်သူ - ပြင်သစ်ဘောလုံးသမား ဂျက်ဖောင်တိန် ၁၉၅၈ ကမ္ဘာ့ဖလားပွဲစဉ်မှာ ၁၃ ဂိုးသွင်းယူထားပါတယ်။ ကမ္ဘာ့ဖလားပွဲ ၁ ပွဲထဲမှာ ဂိုးအများဆုံးသွင်းသူ - ရုရှားအသင်းက အိုလဂ် ဆာလင်ကို - ၁၉၉၄ ခုနှစ်မှာ ကင်မရွန်းအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ သွင်းယူခဲ့တာပါ။ ကမ္ဘာ့ဖလားသမိုင်းမှာ အမြန်ဆုံးသွင်းဂိုး- ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ တူရကီအသင်းက ဟာကန် ဆူကာက တောင်ကိုရီးယားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပွဲစပြီးလို့ ၁၁ စက္ကန့်အကြာ အမြန်ဆုံးဂိုး သွင်းယူခဲ့တာပါ။ အသက်အငယ်ဆုံးကစားသမား - ၁၉၈၂ ကမ္ဘာ့ဖလားပွဲမှာ မြောက် အိုင်ယာလန်အသင်းက နော်မန်ဝိုက်ဆိုက်က အသက် ၁၇ နှစ် အရွယ် နဲ့ ၀င်ရောက်ကစားခဲ့တာပါ။ အသက်အကြီးဆုံးဘောလုံးသမား - ၁၉၉၄ ကမ္ဘာ့ဖလားပွဲမှာ ကင်မရွန်း လက်ရွေးစင်အသင်းမှာ ရော်ဂျာမီလာက အသက် ၄၂ နှစ် အရွယ်နဲ့ ၀င်ကစားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up