Live
Home
မြန်မာသတင်း
မြန်မာ့ရွှေစျေး ရက်ပိုင်းအတွင်း ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်
lusane
·
March 14, 2023

ကမ္ဘာ့ရွှေစျေး အတက်နဲ့အတူ ဒီကနေ့ မတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြည်တွင်းရွှေစျေး တကျပ်သားကို ကျပ် ၂,၈၇၈,၀၀၀ သိန်းဝန်းကျင်ထိ ရောက်ရှိလာပြီး ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့  စျေးကွက်ပေါက်စျေးနဲ့ နှိုင်းယှဉ်ရင် ရက်ပိုင်းအတွင်း ကျပ် ၅၀,၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။

ကမ္ဘာ့ရွှေစျေးကလည်း မတ် ၉ ရက်နေ့ မနက်မှာ  တအောင်စကို ၁၈၁၅ ဒေါ်လာသာရှိခဲ့ပေမဲ့ ဒီနေ့ မတ် ၁၄ ရက်နေ့  ညနေပိုင်းမှာတော့ တအောင်စကို ၁,၉၀၂  ဒေါ်လာထိ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း ဒေါ်လာ ၉၀ ဝန်းကျင် မြင့်တက်လာပါတယ်။

အမေရိကန် ဘဏ်ကြီး ၂ ခု ပြိုလဲပြီးနောက် ကမ္ဘာ့ရွှေစျေးပြောင်းလဲမြင့်တက်မှုမှာ  မြန်မာ့ရွှေစျေးပါ လိုက်ပါမြင့်တက်လာတာလို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက "ဒီကိစ္စ နောက်ဆက်တွဲက ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။  ပြည်တွင်းစျေးကတော့ ကမ္ဘာ့ရွှေစျေးတက်ရင် လိုက်တက်လာမှာပဲ "လို့ ပြောပါတယ်။

ဒီကနေ့ ကမ္ဘာ့ရွှေစျေး မြင့်တက်လာမှုမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က  သတ်မှတ်ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေစျေးနှုန်းလည်း သိသိသာသာ လိုက်ပါမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့  မတ်  ၁၀ ရက်နေ့က (YGEA) ရည်ညွှန်းစျေးဟာ ၂,၁၅၉,၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ ဒီနေ့ မတ် ၁၄ ရက်နေ့ နေလယ်ပိုင်းမှာ ၂,၂၅၂,၅၀၀ ကျပ်ထိ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း ကျပ် ၉၀,၀၀၀ ကျော် မြင့်တက်လာပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024