A d v e r t i s e m e n t With Us

ပီအာစနစ် ကျင့်သုံးရေး လွှတ်တော်တွင် ကန့်ကွက်သူများ

လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) သုံးသင့်မသုံးသင့် နဲ့ပတ်သက်ပြီး  ဇွန်လ ၉ ရက်နေ့စပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက် ဆွေးနွေးခဲ့ကြပြီး ကန့်ကွက် တင်ပြဆွေးနွေးသူက ပိုများနေပါတယ်။ national parlimentဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆက်လက်ဆွေးနွေးကြရာမှာ  တပ်မ တော်သားကိုယ်စားလှယ်တဦးပါအ၀င် ၆ ဦးက ကန့်ကွက်ကြတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ ဒီနေ့ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၁၀ ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ကိုယ်စားလှယ် ၄ ဦးသာ ထောက်ခံဆွေးနွေးခဲ့ပြီး ကျန် ၆ ဦးကတော့ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ မနေ့ကလည်း လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ဒီကိစ္စ ဆွေးနွေးရာမှာ  ပြည်ခိုင်ဖြိုးပါတီ က ၂ ဦးသာ ထောက်ခံဆွေးနွေပြီး တပ်မတော်သား ကိုယ်စားလှယ်တွေအပါအ၀င် ကျန်သူတွေက မကျင့်သုံးသင့်သေးဘူးဆိုပြီး မထောက်ခံတဲ့ဘက်က ဆွေးနွေးခဲ့ကြပါတယ်။ ဇွန်လ ၃ ရက်နေ့က  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က  ပီအာစနစ်နဲ့ ကျင့်သုံးပေးဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပြီး   ဒီအဆိုကို ဆွေးနွေးဖို့  လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက  အမည်စာရင်းတင်ထားခဲ့တာပါ။ မနက်ဖြန် ဇွန်လ ၁၁ ရက်နေ့မှာလည်း  အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကိုပဲ  ကျန်ရှိနေသေးတဲ့ ကိုယ်စားလှယ် ၈ ဦး ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး အဲဒီနောက်  ပီအာစနစ် ကျင့်သုံးသင့် မသုံးသင့် ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ပီအာစနစ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) က  ကန့်ကွက်ကြောင်း  နေပြည်တော်မှာ ဒီကနေ့ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ပီအာစနစ် မကျင့်သုံးဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီနည်းအားဖြင့် ထိရောက်မှုမရှိရင် လူထုဆန္ဒထုတ်ဖော်ဆန်ကျင်ကန့်ကွက်သွားမယ်လို့  အန်ဘီအက်ဖ်ရဲ့ ပြောခွင့်ရသူ  ဦးစိုင်းလှကျော်က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့ကြတဲ့  မဲအများဆုံးရရှိသူ အနိုင်ပေးတဲ့စနစ် (First Past The Post – FPTP System)ဖြစ်ပါတယ်။ အချိုးကျကိုယ်စားပြုစနစ် (Proportional Representative-PR) ပြောင်းလဲကျင့် သုံးဖို့  အဆိုတင်တဲ့  အန်ဒီအက်ဖ်ပါတီအမတ် ဒေါ်ခင်ဝိုင်းကြည်ကတော့ ပီအာစနစ်ဟာ ပါတီအားလုံးက အမတ်တွေ လွှတ်တော်ထဲရောက်နိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပို သင့်တော်ကိုက်ညီတဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲတွေလည်း ဆုံးရှုံး အလေအလွင့် မရှိနိုင်ဖူးလို့ ဒီဗွီဘီကို ပြောပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်

A d v e r t i s e m e n t With Us

More News
Up