Thursday, June 8, 2023
HomeLead Storyအာဖဂန်ယဉ်ကျေးမှုစင်တာ ပေါက်ကွဲမှုဖြစ်

အာဖဂန်ယဉ်ကျေးမှုစင်တာ ပေါက်ကွဲမှုဖြစ်

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းက ယဉ်ကျေးမှုစင်တာတစ်ခုမှာ ဂျာနယ်လစ်တွေအတွက် အခမ်းအနားကျင်းပခဲ့ရာ မတ် ၁၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေထံက သိရပါတယ်။

ဒီဖြစ်ရပ်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို သေဆုံးစေခဲ့တဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS)အဖွဲ့ရဲ့  ဗုံးခွဲတိုက်ခိုက်မှုဖြစ်ရပ်အပြီး ရက်အနည်းငယ်အကြာမှာဖြစ်ပွားခဲ့တာပါ။

တာလီဘန်အစိုးရရဲ့  ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူနာဖီ တာကောက“ဘော့လ်ခ်ပြည်နယ် မာဇာရှရိဖ် ဒုတိယရဲခရိုင်မှာရှိတဲ့ တာဗြန် ယဉ်ကျေးမှု စင်တာမှာ ဒီကနေ့မနက် ၁၁နာရီခွဲက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ ဒီပေါက်ကွဲမှုဟာ မိုင်းတစ်ခု ကြောင့် ဖြစ်တယ်”လို့ ပြောကြားပါတယ်။ 

ဒဏ်ရာရရှိသွားသူတွေထဲမှာ ဂျာနယ်လစ် ၅ ဦးနဲ့ ကလေး ၃ ဦးလည်း ပါဝင်ကာ လုံခြုံရေးအစောင့်တစ်ဦးကတော့ သေဆုံးသွားခဲ့ပြီး ဒီပေါက်ကွဲမှုနောက်ကွယ်မှာ ဘယ်သူ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ချက်ချင်းမသိရသေးဘူးလို့ ပြောခွင့်ရသူက ဖြည့်စွက်ပြောပါတယ်။

ဒီပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသွားတဲ့ ဘော့လ်ခ်ပြည်နယ်က ဂျာနယ်လစ်တစ်ဦးဖြစ်သူ မူတာဇာ ဆမ်မီမီကလည်း သတင်းထောက်တွေကိုဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခုမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ပြန်ပြောပြပါတယ်။

မတ် ၉ ရက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး မော်လဝီ မိုဟာမက် ဒါဝုဒ် မူဇာမီးလ်နဲ့အတူ တခြား နှစ်ဦး ရုံးခန်းအတွင်း သေဆုံးစေခဲ့တဲ့ မကြာသေးမီက ပေါက်ကွဲမှုတစ်ခုကိုလည်း တာလီဘန်အာဏာပိုင် တွေက စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular