တောင်ကိုရီးယား နစ်မြုပ်သင်္ဘောအရာရှိ ၁၅ ဦးကို ရုံးထုတ်

728
ပြီးခဲ့တဲ့ ဧပြီလက တောင်ကိုရီးယားနိုင်ငံမှာ နစ်မြှပ်ခဲ့တဲ့ သင်္ဘောရဲ့ တာဝန်ရှိသူ ၁၅ ဦးကို ဒီနေ့မနက်ပိုင်းက ကိုရီးယားတရားရုံးတခုကို ရုံးထုတ်ခဲ့ကြပါတယ်။
အသက် ၆၉ နှစ်အရွယ် သင်္ဘောကပ္ပတိန် အပါအ၀င် သင်္ဘောဝန်ထမ်း ၄ ဦးဟာ လူသေစေမှုစွဲချက်နဲ့ ရုံးတင်ခံရပြီး ကျန်သူတွေကတော့ သင်္ဘောကို စွန့်ခွာခဲ့မှုစွဲချက်နဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကျောင်းသားအများစုပါဝင်တဲ့ ခရီးသည်တွေကို သင်္ဘောနစ်မြှပ်တဲ့အထိ သင်္ဘောထဲမှာပဲ နေကြဖို့ သင်္ဘောတာဝန်ရှိသူတွေက အကြိမ်ကြိမ်ပြောဆိုခဲ့ကြပြီး သူတို့ကိုယ်တိုင်ကတော့ သင်္ဘောကို စွန့်ခွာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသား၊ ဆရာဆရာမ ၃၃၉ ဦးအပါအ၀င် ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း စုစုပေါင်း ၄၇၆ ယောက် လိုက်ပါသွားတဲ့ သင်္ဘောဟာ ဧပြီလက နှစ်မြှုပ်ခဲ့ပြီး ၁၇၂ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
