Friday, June 9, 2023
HomeLead Storyအီတလီက အလိုရှိနေသည့် မာဖီးယားအမျိုးသမီးကို နိုင်ဂျီးရီးယား လွှဲပြောင်းပေး

အီတလီက အလိုရှိနေသည့် မာဖီးယားအမျိုးသမီးကို နိုင်ဂျီးရီးယား လွှဲပြောင်းပေး

အီတလီနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကတည်းက အလိုရှိနေတဲ့ နိုင်ဂျီးရီးယား မာဖီးယားဂိုဏ်းက နာမည်ကြီး အမျိုးသမီး ဂျွိုင်းဂျက်ဖ်ကို ရောမမြို့ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က မတ်လ ၈ ရက်မှာ ပြောပါတယ်။

အီတလီရဲ့ အလိုအရှိဆုံးစာရင်းထဲက အမျိုးသမီးအနည်းငယ်ထဲမှာ ပါဝင်တဲ့ အသက် ၄၈ နှစ်အရွယ် ဂျွိုင်းဂျက်ဖ်ဟာ ပြည့်တန်ဆာလုပ်ငန်း ကွင်းဆက်တခုကို လည်ပတ်နေမှု အပါအဝင် ရာဇဝတ်ပြစ်မှုတွေအတွက် ရောမမှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတာပါ။

အီတလီရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အဲဒီအမျိုးသမီးကို ရဲတွေက ဘီးတပ်ကုလားထိုင်နဲ့ နိုင်ဂျီးရီးယားမြို့တော် အဘူဂျာကနေ ရောမမြို့ရှိ ချမ်ဖိနောင် လေဆိပ်အထိ ခေါ်ဆောင်သွားတာကို ပြသထားပါတယ်။

ရာဇဝတ်သားလွှဲပြောင်းရေးကို ၂၀၂၀ ခုနှစ်က နိုင်ဂျီးရီးယားနဲ့ အီတလီတို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အရ ပံ့ပိုးပေးခဲ့တာပါ။

ဂျွိုင်းဂျက်ဖ်ဟာ အီတလီ၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေကို အမျိုးသမီးလူကုန်ကူးမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးတွေကို အကြမ်းဖက်တာနဲ့ ခြိမ်းခြောက်မှုတွေလုပ်ပြီး ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခဲ့တာဖြစ်ကြောင်း အရှေ့ပိုင်း အန်ကွန်နာမြို့က အီတလီ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဂျွိုင်းဂျက်ဖ်ကို မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular