ရာဖယ်နဒါး ပြင်သစ်အိုးပန်း ချန်ပီယံဆု ၉ ကြိမ်မြောက် ဆွတ်ခူး

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ပဲရစ်မှာ ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၁ ရာဖယ် နဒါးက အဆင့် ၂ နိုဗက် ဂျိုကိုဗစ်ကို အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ http-content.reuters.com-auth-server-content-tag-reuters.com0000-newsml_gm1e98a0rhx01-1275105458-tag-reuters.com0000-binary_gm1e98a0rhx01-baseimage-tokengknjoz3t5tpu-jqsv6ejlwypbnxq3ofgyfbfqhdraq copyစပိန်သား နဒါးအတွက် ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၉  ကြိမ်မြောက် ရယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်လိုက်ပါတယ်။ ဂျိုကိုဗစ်က တော့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲဖူးခြင်း မရှိသေးပါဘူး။ နဒါးဟာ ပြင်သစ်အိုးပန်း အပါအ၀င် ဂရန်းစလန်းဆုဖလားပေါင်း ၁၄ ခုထိ ရရှိထားပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်လိုက်လို့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ နဒါးက ထိပ်ဆုံးမှာ ဆက်ရှိနေမှာ ဖြစ်ပြီး ဂျိုကိုဗစ်က နံပါတ် ၂ နေရာမှာ ရှိနေမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up