ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဟု ဗန်ပါစီ ပြော

နယ်သာလန် တိုက်စစ်မှူး ဗန်ပါစီဟာ လက်ရွေးစင် ၂၃ ယောက် စာရင်းမှာ ရွေးချယ် ခံထားရပေမယ့်လည်း ပေါင်ခြံဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင် ကစားနိုင်ဖို့ ရာနှုန်းပြည့် မသေချာတဲ့ အနေအထားမှာ ရှိနေခဲ့ရာကနေ အခု ကြံ့ခိုင်မှု ပြည့်ဝလာပြီလို့ ပြောဆိုလိုက်ပါတယ်။ 3697C975E6D965F6895D7BA7C1B3AD copyနယ်သာလန်အသင်းခေါင်းဆောင် ဗန်ပါစီဟာ ဝေးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာကြောင့် ပွဲချိန်ပြည့် မကစားနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒဏ်ရာက သက်သာပြီး ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့ ဗန်ပါစီက ဆိုပါတယ်။ နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို လေ့ကျင့်ဖို့ ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနရိုးမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ ဗန်ဂေါရဲ့ နယ်သာလန်အသင်းဟာ အကြိုခြေစမ်းပွဲတွေမှာ ဂါနာကို ၁ ဂိုး ဂိုးမရှိ၊ ဝေးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ နယ်သာလန်အသင်းဟာ အုပ်စု(ဘီ)မှာ လက်ရှိချန်ပီယံ စပိန်၊ ချီလီနဲ့ သြစတြေးလျအသင်းတို့နဲ့ အတူ အုပ်စုကြပ်ထဲ ကျရောက်နေတာပါ။ ဇွန် ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲမှာ နယ်သာလန်ဟာ စပိန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up