A d v e r t i s e m e n t With Us

အိန္ဒိယတွင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကျူးလွန်သူတွေကို ချက်ချင်းအရေးယူရန် တောင်းဆိုဆန္ဒပြ

အိန္ဒိယနိုင်ငံ တောင်ပိုင်းက ကဲလာရာပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေကို ချက်ချင်းအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတရပ် ဇွန်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ indiaအရင်အပတ်က ညီအမ ၀မ်းကွဲ မိန်းကလေး၂ယောက်ကို မုဒိမ်းကျင့်ပြီး ကြိုးဆွဲချသတ်ခဲ့မှုအတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေ ဖြစ်ပွားခဲ့အပြီး အခုလို ဆန္ဒပြတာပါ။ အမျိုးသမီးတွေအပေါ် အနိုင်ကျင့်တယ်လို့ စွပ်စွဲခံရသူတွေကို ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်ပေးဖို့ ဗာမာ တရားစီရင်ရေး ကော်မတီက တင်သွင်းတဲ့အစီရင်ခံစာကို ချက်ချင်း အကောင်အထည် ဖော်ရေးကိုလဲ တောင်းဆိုခဲ့ပါတယ်။ နယူးဒေလီက ဆေးကျောင်းသူ ဘတ်စ်ကားပေါ် မုဒိမ်းကျင့်ခံရမှု အပြီး အရင်အစိုးရက ဗာမာ တရားရေးကော်မရှင်ကို ဖွဲ့ခဲ့တာပါ။ All India Mahila Samskarika Sanghatan (AIMSS) အဖွဲ့ဝင်တွေ ကလဲ ဆယ်ကျော်သက် မိန်းကလေး၂ယောက် အမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ အဖွဲ့ဒုဥက္ကဋ္ဌ မီနီကေ ဖိလစ်က “အစိုးရဟာ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် ကျူးလွန်မှုတွေ တိုးတာရပ်ဖို့ ခြေလှမ်းတွေကို ချက်ချင်း ဆောင်ရွက်ရမယ်။ ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးရမယ်။ အုပ်ချုပ်ရေးမှူး ရှီလာ ဒစ်ရှစ်နဲ့ တွေ့ပြီး နားလည်မှုစာတမ်းကို တင်သွင်းမယ်”လို့ ဆိုပါတယ်။ AIMSS ရဲ့ အတွင်းရေးမှူး ကေ ဂျေ ရှီလာက “ကလိုရိုဖောင်း လို မေ့ဆေးတွေနဲ့ ဆေးတွေ ရောင်းတာ ရပ်တန့်ဖို့နဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဘေးကင်းရေးအတွက် ဒီကော်မရှင်ရဲ့ အစီရင်ခံစာကို ချက်ချင်း အကောင်အထည် ဖော်ဖို့ တောင်းဆိုတယ်။ စွပ်စွဲခံရသူတွေကိုလည်း ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးဖို့လိုတယ်”လို့ ပြောပါတယ်။ လက်ရှိအာဏာရ ၀န်ကြီးချုပ် နရင်ဒျာ မိုဒီရဲ့ ပါတီက လွှတ်တော်အမတ်တယောက်က မုဒိမ်းမှုဟာ လူမှုရေး ပြစ်မှုသာဖြစ်ပြီး တခါတလေ မှန်ပြီး တခါတလေ မှားတယ်လို့ ပြောခဲ့လို့ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံရေးသမားတယောက်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။ အရင်အပတ်က အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေး၂ယောက် မုဒိမ်းကျင့် ကြိုးဆွဲချ သတ်ခံခဲ့ရတဲ့ ဥတ်တျာ ပရာဒေ့ရှ် ပြည်နယ်က နိုင်ငံရေးခေါင်းဆောင်တွေကတော့ အခင်းဖြစ်ရာ ကို လာမကြည့်ခဲ့တာနဲ့ မီဒီယာတွေက သတင်းကိုအလွန်အမင်း ဈာန်းတင်တယ်လို့ စွပ်စွဲခဲ့တာတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up