Monday, June 5, 2023
HomeLead Storyအီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင်၏ ညီမ ဖမ်းဆီးခံရ

အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင်၏ ညီမ ဖမ်းဆီးခံရ

မကြာသေးခင်က အကျဉ်းချခံထားရတဲ့ အီတလီမာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ နှမ တော်စပ်သူ ရိုဆယ်လီယာ မက်ဆီနာ ဒီနာရိုဟာ မာဖီးယားဂိုဏ်းတစ်ခုနဲ့ ဆက်စပ်နေတဲ့ စွဲချက်တွေကြောင့် မတ်လ ၃ ရက်မှာ ဖမ်းဆီးခံခဲ့ရကြောင်း အီတလီရဲတပ်ဖွဲ့က ပြောပါတယ်။ 

နှစ်ပေါင်း ၃ဝ ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့တဲ့ မတ်တဲယို မက်ဆီနာ ဒီနာရိုဟာ ဇန်နဝါရီလ ၁၆ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်မတိုင်ခင်အထိ အီတလီနိုင်ငံရဲ့  အလိုရှိဆုံးသူ တစ်ဦး လည်း ဖြစ်ပါတယ်။ 

မက်တဲယိုဟာ လူသတ်မှု အများအပြားနဲ့ တခြားရာဇဝတ်မှုတွေကြောင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံနေရတာပါ။ 

မက်တဲယိုကို ဖမ်းဆီးနိုင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုကတဆင့် ရိုဆယ်လီယာကိုပါ အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ ကာရာဘင်နီရယ်ရီ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

စုံစမ်းစစ်ဆေးသူတွေဟာ မက်တဲယို ကာလရှည်ကြာ လွတ်မြောက်နေမှုအတွက် ဂိုဏ်းသားတွေရဲ့ ခိုင်မာတဲ့သစ္စာရှိမှုနဲ့အတူ မိသားစုဝင်တွေက အကူအညီပေးခဲ့ကြတာဖြစ်တယ် လို့ တောက်လျှောက် သံသယရှိလာခဲ့တာဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular