ကမ္ဘာ့ဖလားဘောလုံးပွဲမှာ လုပ်ပွဲပြဿ နာ ဒိုင်တွေ သတိထားရန် ဖီဖာဒိုင်ချုပ်ပြော

874
မကြာခင် ဘရာဇီးနိုင်ငံမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ လုပ်ပွဲပြဿ နာဟာ ဘောလုံးပွဲ ဒိုင်တွေအားလုံးရင်ဆိုင်ရမယ့် ပြဿနာဖြစ်နိုင်ပြီး ဒိုင်တွေအားလုံး သတိထားကြ ရလိမ့်မယ်လို့ ဖီဖာဒိုင်ချုပ်က ပြောကြားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က အင်္ဂလန်မှာကစားခဲ့တဲ့ နိုင်ဂျီးရီးယား နဲ့ စကော့တလန်ခြေစမ်းပွဲအပါအ၀င် အခုနှစ် ကမ္ဘာ့ဖလားခြေစမ်းပွဲတွေမှာ လုပ်ပွဲတွေ ကစားခဲ့ကြတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကစားတုန်းကလည်း အခုလို လုပ်ပွဲပြဿ နာ တွေရှိခဲ့ပြီး အခုလည်း ဒီပြဿ နာကတော့ရှိနေတယ်လို့ ဖီဖာလုံခြုံရေးအကြီးအကဲကလည်း ပြောဆိုပါတယ်။
“အဲဒီလို လုပ်ပွဲပြဿနာတွေကရှိတော့ ဒိုင်တွေအားလုံးက သတိကြီးကြီးထားကြရမှာဖြစ်ပေမယ့် အခုကမ္ဘာ့ဖလားပွဲဟာ ပြဿ နာ တစုံတရာမရှိပဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ပါလိမ့်မယ်”လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒိုင်ချုပ် ဘူစကာ က ပြောဆိုခဲ့ပါတယ်။
အခု ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပွဲက စတင်ပြီး ကင်မရာ ၁၄ လုံး အကူအညီနဲ့ ဂိုးလိုင်းနည်းပညာကို ပထမဆုံး အသုံးပြုမှာဖြစ်ပြီး မိနစ်ပိုင်းအတွင်း ပျက်ပြယ်တဲ့ အမှတ်အသားပြ စပရေးဗူးတွေကိုလည်း စတင်သုံးစွဲမယ်လို့ သိရပါတယ်။
