အင်ဒိုနီးရှား သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲ မဲဆွယ်မှုစတင်

ဆူဘီယံတိုနဲ့ ဂျိုကိုဝီ
[caption id="attachment_58032" align="alignright" width="300"]ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံ နဲ့ ဂျိုကိုဝီ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံ နဲ့ ဂျိုကိုဝီ
[/caption]ဇူလိုင် ၉ ရက်နေ့မှာ ကျင်းပမယ့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်း ၂ ဦး ဇွန် ၅ ရက်နေ့က စတင်မဲဆွယ်နေကြပါတယ်။ လက်ရှိသမ္မတ ယူဒိုယူနိုကို ဆက်ခံဖို့ ဂျကာတာမြို့ဝန် ဂျိုကိုဝီနဲ့ ယခင် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံတိုတို့ ၂ ဦးထဲက ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မဲဆွယ်ပွဲစစချင်းမှာပဲ ဂျကာတာမြို့တော်ဝန်ကတော့ ပါပူအာပြည်နယ်ကို မဲဆွယ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံတိုကတော့ ဘန်ဒေါင်းပြည်နယ်ကို မဲဆွယ်စည်းရုံးပွဲ ထွက်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၃၀ ကြာ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဂျာဗားကျွန်းပေါ်က မြို့ငယ်တခုရဲ့ မြို့ဝန်ကနေ ဂျကာတာမြို့တော်ဝန်တက်ဖြစ်လာတဲ့ မျက်နှာသစ် သမ္မတလောင်းနဲ့ စစ်အာဏာရှင် အကြွင်းအကျန် ဗိုလ်ချုပ်ကြီးဟောင်းတို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် သမ္မတရွေးကောက်ပွဲဖြစ်မှာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ရက်ကတော့ နောက်လ ဇူလိုင် ၇ ရက်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စစ်တပ်နောက်ခံရှိတဲ့သူတွေနဲ့ ချမ်းသာကြွယ်ဝသူတွေကသာ အင်ဒိုနီးရှားနိုင်ငံ ခေါင်းဆောင် တက်ဖြစ်လေ့ ရှိတာမှာ သာမန်အရပ်သားတယောက်လို လူထုကြားဆင်းပြီး လူထုအသံ နားထောင်လေ့ရှိတဲ့ မြို့တော်ဝန် ဂျိုကိုဝီဟာ လူထုကြားမှာ ပိုမိုရေပန်းစားနေတယ်လို့ ဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up