မြန်မာ- ကိုရီးယား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လက်မှတ်ထိုး
DVB
·
June 6, 2014
[caption id="attachment_58022" align="alignright" width="300"] ဓာတ်ပုံ - president-office.gov.mm[/caption]
နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ စာချုပ်တစ်ခု မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံ တာဝန်ရှိသူတွေ နေပြည်တော် ရွိုင်ရယ်ကုမုဒြာ ဟော်တယ်မှာ ဇွန်လ ၅ ရက်နေ့က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။
သဘောတူစာချုပ်ကို မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Mr. Yan Byung-se တို့ လက်မှတ်ရေးထိုးကြတာပါ။
စာချုပ် လက်မှတ်ရေးထိုးရတဲ့ အဓိက အကြောင်းကတော့ မြန်မာနိုင်ငံထဲ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကိုရီးယား ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံ ဥပဒေနဲ့ စာချုပ်ပါ အချက်အလက်တွေ အတိုင်း အခွင့်အရေးနဲ့ အကာအကွယ် ရကြဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေအပြင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်လို အလွန်ကြီးမားတဲ့ ပရောဂျက်တွေမှာလည်း ၀င်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ ပြင်ဆင်နေပါတယ်။