ကနေဒါ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား ဖမ်းမိပြီဟုဆို

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_58010" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ကနေဒါနိုင်ငံ မန်င်တန်မြို့မှာ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ပြီး တိမ်းရှောင်နေတဲ့ သေနတ်သမားကို ဒီနေ့ ဖမ်းဆီးရမိပြီလို့ ကနေဒါရဲတပ်ဖွဲ့က ဆိုပါတယ်။ မန်င်တန်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ညနေမှာ သေနတ်သမားတဦးက ပစ်ခတ်လို့ ကနေဒါရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် ဂျက်စတင်ဘော့ကို မောက်တန်မြို့မှာပဲ ဖမ်းဆီးမိခဲ့ပြီ ဖြစ်ပြီ မြို့ခံတွေ အိမ်ပြန်ထွက်နိုင်ပါပြီလို့ ကနေဒါရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ မန်င်တန်မြို့ဟာ ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းက လူဦးရေ ၇ သောင်းလောက် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။ သေနတ်ကိုင်ဆောင်မှုဥပဒေ တင်းကျပ်တဲ့ ကနေဒါနိုင်ငံမှာ အခုလို ရဲတပ်ဖွဲ့တွေအပေါ် ပစ်ခတ်မှုမျိုးဟာ ရှားရှားပါးပါး ဖြစ်ပွားတာ ဖြစ်ပြီး အခု ပစ်ခတ်မှုဟာ ကနေဒါနိုင်ငံမှာ အဆိုးရွားဆုံး ပစ်ခတ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up