Home
မေးမြန်းခန်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဘက် ထိတွေ့ပစ်ခတ်မှုကိစ္စ ဆွေးနွေး
အေးနိုင်
·
June 5, 2014
နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ စစ်ဘက် အရာရှိတွေဟာ ဒီကနေ့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ဆုံပြီး ဆွေးနွေးကြပါတယ်။ border soldiersနှစ်နိုင်ငံအကြား တပ်ပြင်ထားတဲ့အဆင့်ထိ တင်းမာမှုဟာ မေ ၂၈ ရက်နေ့က ဘင်္ဂလီတဦး မြန်မာရဲတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးခဲ့ရပြီးတဲ့နောက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူဟာ ဘင်္ဂလားနယ်ခြားစောင့်တပ်က ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို အလောင်း ပြန်ပေးခဲ့ပါတယ်။ အလောင်းပြန်ပေးတဲ့နေ့မှာလည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ပစ်ခတ်ခံရပြီး မြန်မာတပ်တွေရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။ မြန်မာဘက်တော့ ငြင်းပယ်ခဲ့ပြီး နှစ်ဘက် တပ်တွေ အသင့်အနေအထားပြင်ဆင်တဲ့အဆင့် ရောက်ခဲ့ပါတယ်။ ဒီကိစ္စကို ဇွန် ၅ ရက်နေ့မှာ ဆွေးနွေးမယ်လို့ မြန်မာဘက်က အဆိုပြုခဲ့ပြီး ဒီကနေ့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံတပ်တွေအကြား တင်းမာမှုတွေရဲ့အစဟာ မေ ၂၈ ရက် ပစ်ခတ်သေဆုံးမှု မဖြစ်ခင် သီတင်းပတ် အနည်းငယ်အကြာက ပစ်ခတ်တိုက်ခိုက်မှုတခုမှာ မြန်မာရဲတပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ပစ်ခတ်သူ ဘယ်သူဘယ်ဝါဆိုတာ မပေါ်ပေါက်သေးတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်သတင်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ဦးကျော်သက်မင်းကို ဦးအေးနိုင်က တယ်လီဖုန်းနဲ့ မေးမြန်းထားပါတယ်။ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024