ဘရာဇီးကမ္ဘာ့ဖလားပွဲ သွားကြည့်ရန် စာရင်းပေးသူ ၂၀ ခန့်ရှိ
Published By
DVB | 5 June, 2014
950
0
Share
0
Comment
0
Likes

ဘရာဇီးနိုင်ငံ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲက ပွဲစဉ်နှစ်ခုကို တဦးကို ဒေါ်လာ ၁၂၀၀၀ ကျော် အကုန်အကျခံပြီး သွားရောက်ကြည့်ရှုကြမယ့် လူဦးရေ ၂၀ ၀န်းကျင် စာရင်းလာသွင်းထားတယ်လို့ ဒီအစီအစဉ်ကို ဆောင်ရွက်တဲ့ ဂန္တ၀င်ရွှေပုဂံရဲ့ အော်ပရေးရှင်းမန်နေဂျာ မ၀င်းဟန်နီကပြောပါတယ်။
ဘရာဇီးနိုင်ငံ ဆာအိုပိုလို မြို့မှာ ဇွန်လ ၁၆ ရက်နေ့ ကန်မယ့် ဂျာမနီ ပေါ်တူဂီပွဲစဉ်နဲ့ ၁၈ ရက်နေ့မှာကန်မယ့် သြစတြီးလျ၊ နယ်သာလန်ပွဲစဉ်တို့ကို သွားကြည့်ကြမှာဖြစ်ပြီး စားသောက် နေထိုင်မှု အပြီးအငြိမ်းနဲ့ တဦးကို ဒေါ်လာ ၁၂၄၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
ရန်ကုန်ကနေ ဇွန် ၁၄ ရက်နေ့ စထွက်မှာဖြစ်ပြီး ရန်ကုန်ကနေ ကာတာ၊ ကာတာမှတဆင့် ဘရာဇီးနိုင်ငံ ဆာပိုလိုကို သွားမှာပါ ၂၁ ရက်နေ့ မနက်ပိုင်းပြန်ရောက်မယ့် တပတ်ခရီးစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။
တဦးချင်းကုန်ကျမယ့် ဒီငွေကြေးဟာ ဒီကနေ့ ငွေလဲနှုန်းအရ မြန်မာကျပ်ငွေ ၁၂ သန်း ၂ သောင်း ၈ ထောင် ကျသင့်မှာဖြစ်ပါတယ်။
အုပ်စုပွဲစဉ်တွေ ကြည့်ဖို့အတွက်တော့ လက်မှတ်ကုန်သွားပြီဖြစ်ပေမယ့် ရှုံးထွက်ပွဲတွေ ကျရင်တော့ မြန်မာပြည်သားတွေ သွားရောက်ကြည့်ရှုနိုင်အောင် ၀န်ဆောင်မှုပေးသွားမယ်လို့ မ၀င်းဟန်နီက ဆိုပါတယ်။