အက်သလက်တီကို တိုက်စစ်မှူး ကော်စတာကို ချယ်ဆီး ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးက အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ဒေါ်လာ ၅၄ သန်းကျော်နဲ့ ခေါ်ယူလိုက်ပါတယ်။ Diego-Costa-REUTERS-Juan-Medinaကော်စတာဟာ ချဲလ်ဆီးမှာ ဆေးစစ်မှု ခံယူရာမှာ အောင်မြင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ အက်သလက်တီကိုအတွက် ၅၂ ပွဲမှာ ၃၆ ဂိုး သွင်းပေးထားပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေဟာ ချဲလ်ဆီး တိုက်စစ်မှူးတွေ ယောက်ဖြစ်တဲ့ တောရက်စ်၊ အီတိုးနဲ့ ဒမ်ဘာဘားတို့ ၃ ဦးရဲ့ သွင်းဂိုးထက် ၅ ဂိုး ပိုပါတယ်။ သူဟာ အက်သလက်တီကိုကို လာလီဂါ ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဘရာဇီးမှာ မွေးဖွားတဲ့ ကော်စတာဟာ လောလောဆယ်မှာ ဒဏ်ရာရှိပေမယ့် စပိန် လက် ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုဘီမှာ စပိန်အသင်းဟာ နယ်သာလန်၊ ချီလီ၊ သြစတြေးလျအသင်းတို့နဲ့အတူ ကျရောက်နေပြီး ဇွန်လ ၁၃ ရက်နေ့ အုပ်စုဖွင့်ပွဲမှာ နယ်သာလန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up