ဗီယက်နမ်စက်လှေကို တရုတ်သင်္ဘော ၀င်တိုက်သည့် ဗွီဒီယိုဖိုင် ထုတ်လွှင့်ပြသ

တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ဗီယက်နမ် ငါးဖမ်းစက်လှေကို တရုတ်သင်္ဘောတစင်းက ၀င်တိုက်ပြီး နစ်မြှုပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ဗီယက်နမ်နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဗွီဒီယိုဖိုင်ကို အငြင်းပွားမှု ဖြစ်နေတဲ့ ပါရာဆယ်လ်ကျွန်းစုနားမှာ မေ ၂၆ ရက်နေ့က ရိုက်ကူးယူခဲ့တာ ဖြစ်ပါတယ်။ Vietnam and Chinaပါရာဆယ်လ်ကျွန်းစုအနား တရုတ်နိုင်ငံက ရေနံတူးစင်တခု လာဆောက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ သင်္ဘောတွေ ရန်စောင်နေခဲ့ကြပြီး ဗီယက်နမ်နိုင်ငံမှာလည်း တရုတ်နဲ့ ဗီယက်နမ် လူမျိုးရေးအဓိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဗီယက်နမ်ငါးဖမ်းစက်လှေ နစ်မြှပ်သွားရတာဟာ ငါးဖမ်းစက်လှေက တရုတ်သင်္ဘောကို လာတိုက်တာကြောင့်လို့ ဖော်ပြခဲ့ပါတယ်။ ဗီယက်နမ်သင်္ဘောတွေကို တရုတ်သင်္ဘောတွေက ၀င်တိုက်မှုတွေ၊ မီးသတ်ပိုက်တွေသုံးပြီး ဗီယက်နမ်သင်္ဘောတွေကို နှင်ထုတ်မှုတွေကို ဗီယက်နမ်သတင်းမီဒီယာတွေမှာ အခု ရက်တွေအတွင်း နေ့စဉ် ရေးသားဖော်ပြနေကြပါတယ်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ ကြေညာထားပြီး ကျန်နိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ငြင်းဆန်ထားပါတယ်။ တရုတ်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်မှာလည်း ဂျပန်နိုင်ငံနဲ့ နယ်မြေ အငြင်းပွားမှု ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up