လစ်ဗျားဝန်ကြီးချုပ်ရုံး လောင်ချာဖြင့် အပစ်ခံရ

လစ်ဗျားဝန်ကြီးချုပ်အသစ် အာမက် မိုက်တိခ်ရဲ့ရုံးကို ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက ဇွန် ၄ ရက်နေ့က ပခုံးထမ်းလောင်ချာနဲ့ ပစ်ခဲ့တယ်လို့ ၀န်ကြီးချုပ်ရဲ့ လက်ထောက်တွေက ပြောပါတယ်။ Libyarဗုံးသီးက အဆောက်အဦရဲ့ မီးဖိုချောင်ကို ထိခဲ့တဲ့အတွက် ဘယ်သူမှ ဒဏ်ရာမရကြောင်း၊ ပစ်ခတ်ချိန်မှာ ၀န်ကြီးချုပ်လည်း ရုံးမှာ မရှိဘူးလို့ ပြောပါတယ်။ အာမက် မိုက်တိခ်ကို လွှတ်တော်က ရွေးကောက်တင် မြှောက်ခဲ့ပေမယ့် လွှတ်တော်အမတ် အများအပြားက အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ဟောင်း အဗ္ဗဒူလာ အယ်လ် သင်းနီက အာဏာလွှဲပေးဖို့ ငြင်းဆန်ပြီး မိုက်တိခ်ကို ရွေးကောက်မှု တရားဝင်ဖြစ်တဲ့အထိ စောင့်စေချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူသြဇာကို အားဖြည့်ဖို့ ကြိုးစားတဲ့အနေနဲ့ မိုက်တိခ်က ရဲအခြံအရံနဲ့အတူ ဇွန် ၂ ရက်နေ့ညက ၀န်ကြီးချုပ်ရုံးကို သိမ်းယူခဲ့ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင် နာရီပိုင်းမှာပဲ လစ်ဗျား ဗိုလ်ချုပ်ဟောင်း ခါလီဖာ ဟဲ့ဖ်တာဟာလည်း ဘန်ဂါဇီမြို့မှာ လုပ်ကြံဖို့ ကြိုးစားမှုတခုကနေ လွတ်မြောက်ခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။ အသေခံဗုံးခွဲသူ တယောက်က လင့်ခရူဆာ ကားတစီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ပြီး ဗိုလ်ချုပ်ဟောင်း ဟဲ့ဖ်တာရဲ့ အခြေစိုက်စခန်းကို မောင်းဝင်ခဲ့တယ်လို့ သူ့ရဲ့ပြောခွင့်ရ မိုဟာမက် အီလ် ဟေဂျာဇီက ပြောပါတယ်။ ဗိုလ်ချုပ်ဟောင်း ဟဲ့ဖ်တာက ဒဏ်ရာမရပေမယ့် သူရဲ့ သက်တော်စောင့်၂ ယောက် သေဆုံးခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ ဟဲ့ဖ်တာဟာ အစ္စလာမစ် စစ်သွေးကြွတွေကို တရားမ၀င် တိုက်ခိုက်မှု ဆင်နွှဲနေသူပါ။ လစ်ဗျားနိုင်ငံတွင်း အာဏာရှင် မွမ်မာ ကဒါဖီကို ၂၀၁၁ ခုနှစ်က ဖြုတ်ချပြီး ကတည်းက အစိုးရနဲ့လွှတ်တော်က ပြည်သူ့စစ်တွေကို မထိန်းချုပ်နိုင် ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up