သေနတ်ဖြင့် အပစ်ခံရမှုကြောင့် ကနေဒါ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကနေဒါနိုင်ငံ မန်င်တန်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ညနေမှာ သေနတ်သမားတဦးက ပစ်ခတ်လို့ ကနေဒါရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်သူ သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ် ဂျက်စတင် ဘောင်ကွဒ်(Justin Bourque) လို့ ယုံကြည်ထားပြီး ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ မန်င်တန်မြို့ ရဲအရာရှိ ဒေမီယမ် ဒဲရီယောက် (Damien Theriault) က ပြောဆိုပါတယ်။ Canadaသေနတ်သမားကို ရဲတပ်ဖွဲ့ဝင်တွေက ပိုက်စိပ်တိုက်ရှာဖွေနေကြပြီး ဒေသခံတွေကိုလည်း အိမ်ပြင်မထွက်ဘဲ အိမ်တံခါးပိတ်နေဖို့ တိုက်တွန်းထားတယ်လို့ ရဲအရာရှိက ဆိုပါတယ်။ ဒဏ်ရာရသူ ၂ ဦးကလည်း အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ဒဏ်ရာမပြင်းထန်ဘူးလို့လည်း ရဲအရာရှိ ဆိုပါတယ်။ မန်င်တန်မြို့ဟာ ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းက လူဦးရေ ၇ သောင်းလောက် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ သေနတ်ကိုင်ဆောင်မှုဥပဒေ အမေရိကန်နိုင်ငံထက် တင်းကျပ်တာကြောင့် အခုလို လူအများကို ပစ်ခတ်သတ်ဖြတ်မှုမျိုး ရှားပါးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က အယ်ဘာတာပြည်နယ်မှာ ကနေဒါရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှု နောက်ဆုံး ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up