တိန့်အန်မင်အရေးအခင်း နှစ်ပတ်လည်နေ့ တရုတ်အစိုးရ လုံခြုံရေး တင်းကျပ်

ဓာတ်ပုံ - ရိုက်တာ
တရုတ်ပြည်မှာ ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့တဲ့ တိန့်အန်မင်အရေးအခင်း နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇွန် ၄ ရက်နေ့မှာ တရုတ်အစိုးရက လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။ [caption id="attachment_57802" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ပေကျင်းမြို့လယ်က တိန့်အန်မင်ရင်ပြင်တ၀ိုက်မှာ ဒါဇင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ ရဲကားတွေကို တွေ့ပါတယ်။ ဒီနှစ် တိန့်အန်မင် နှစ်ပတ်လည်ကာလမှာ အစိုးရက အရင်နှစ်တွေထက် ပိုပြီး ထိန်းချုပ်ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဝေဖန်သူတွေက ပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အဆိုအရ တိန့်အန်မင်အရေးအခင်း ငွေရတုကာလမှာ အဖမ်းခံရသူ၊ အိမ်ချုပ်ချထားခံရသူ၊ မေးမြန်းခံရသူနဲ့ ပျောက်ဆုံးနေသူ လူအယောက် ၄၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ကိုယ်အိမ်ထဲမှာ တိုးတိုးတိတ်တိတ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပသူတွေကိုလည်း အစိုးရက အရေးယူထားပါတယ်။ လွန်ခဲ့တဲ့ရက်တွေအတွင်းက ပေကျင်းမြို့က တိုက်ခန်းတခုမှာ တိန့်အန်မင် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ ဆွေးနွေးတဲ့ လူ ၁၅ ယောက်ထဲက ၅ ယောက်ကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေအနေနဲ့လည်း ၁၉၈၉ ဇွန် ၄ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ လူတွေကို တွေ့ဆုံမေးမြန်းတာနဲ့ ကန့်သတ်ထားတဲ့ နယ်မြေထဲမှာ သတင်းမယူဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တိန့်အန်မင်ရင်ပြင်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ပြီး လူစုခွဲတဲ့အချိန်မှာ ဆန္ဒပြနေတဲ့ ကျောင်းသား၊ အလုပ်သမားနဲ့ ပြည်သူ့အင်အား ၁ သန်းကျော် ရှိပါတယ်။ သေဆုံးသူ တယောက်မှ မရှိဘူးလို့ အစိုးရက ၀ါဒဖြန့်ပေမယ့် မျက်မြင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ သေဆုံးသူ ရာပေါင်းများစွာကနေ ထောင်ပေါင်းများစွာအထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနှစ် တိန့်အန်မင်အရေးအခင်း ငွေရတုကာလဟာ တရုတ်ပြည်မှာ စီးပွားရေး နှေးကွေးတာ၊ လူဦးရေ ကျဆင်းတာနဲ့ အဂတိလိုက်စားမှု ပြဿ နာတွေ ကြီးထားနေချိန်အတွင်း အနောက်ပိုင်း ရှင်ဂျင်းပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up