စစ်တွေ- ကျောက်တော်- မြောက်ဦး ရထားလမ်းပိုင်းဖောက်လုပ်မှု ရပ်ဆိုင်း
DVB
·
June 4, 2014
ရထားဝန်ကြီးဌာနကနေ စစ်တွေ- ကျောက်တော်- မြောက်ဦး ရထားလမ်းပိုင်း ဖောက်လုပ်နေရာမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေတွေကို ဖြတ်သန်း ဖောက်လုပ်ရတာ ရှိနေပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရတယ်လို့ ရထားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
စစ်တွေ-မြောက်ဦးလမ်းဟာ ၉၆ မိုင်ကျော် ရှည်လျားပြီး ၂၀၀၉ ခုနှစ်ကတည်းက စတင်ဖောက်လုပ်နေတာ ဖြစ်ပါတယ်။
လမ်းတလျှောက် ပေ ၄၀ အထက် တံတားကြီး ၉ စင်း တည်ဆောက်ဖို့ လိုအပ်ပေမယ့် ၂ စင်းပဲ ဆောက်လို့ ပြီးစီးပါသေးတယ်။
တံတား ၄ စင်း ဆောက်လုပ်ဆဲ ဖြစ်ပြီး ကျန် ၃ စင်း အတွက်ကတော့ ကုန်ကျစရိတ်လည်း အလွန်များလို့ လာမယ့် ဘဏ္ဍာရေးနှစ်အထိတောင် ဘတ်ဂျက် လျာထားတာ မလုပ်ရသေးဘူးလို့ ရထားဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။