A d v e r t i s e m e n t With Us

ဗိုလ်ချုပ်ဟောင်း အယ်လ်စီစီကို အီဂျစ်သမ္မတသစ်အဖြစ် ကော်မရှင် ကြေညာ

ဗိုလ်ချုပ်ဟောင်း အယ်လ်စီစီ
အီဂျစ် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဗိုလ်ချုပ်ဟောင်း အက်ဘ်ဒယ် ဖာတာ အယ်လ်စီစီကို ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က တရားဝင် ကြေညာလိုက်ပါတယ်။ အရင်လက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွင်း အီဂျစ် ဗိုလ်ချုပ်ဟောင်းက မဲအများစုနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_57797" align="alignright" width="300"]ဗိုလ်ချုပ်ဟောင်း အယ်လ်စီစီ ဗိုလ်ချုပ်ဟောင်း အယ်လ်စီစီ[/caption]မြို့တော် ကိုင်ရိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အန်ဝါ အယ်လ်အက်စီက မေ ၁၅ကနေ ၁၉ ရက်နေ့ထိ၊ မေ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ရခဲ့တဲ့ မဲတွေကို အခြေခံပြီး အယ်လ်စီစီက ရွေးကောက်ပွဲ နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကော်မရှင်ရဲ့ အဆိုအရ စီစီဟာ မဲစုစုပေါင်းရဲ့ ၉၆ ဒသမ ၉၁ ရာခိုင်နှုန်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တဦးတည်းသော ပြိုင်ဘက်ကတော့ မဲစုစုပေါင်းရဲ့ ၃ ဒသမ ၁ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ နိုင်ငံတွင်း မဲပေးခွင့်ရှိသူ လူစုစုပေါင်းရဲ့ ၄၇ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၂၅ သန်းက မဲပေးခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ဆိုပါတယ်။ မဲနိုင်မှုရဲ့ အများလက်ခံနိုင်စွမ်းအပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် ဒီရွေးကောက်ပွဲကို နိုင်ငံခြားလေ့လာသူ အယောက် ၁ သိန်းကျော်နဲ့ ပြည်တွင်းလေ့လာသူ အယောက် ၁ သောင်းခွဲကျော်က စောင့်ကြည့်ခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောရင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ရည်ညွှန်း ပြောဆိုပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ စိန်ခေါ်သူ စာဘာဟီက ဇွန် ၃ ရက်နေ့ ညနေပိုင်းက အနိုင်ရသူ စီစီကို ချီးကျူးဂုဏ်ပြုဖို့ ဆော်သြခဲ့တယ်လို့ ဒေသခံသတင်းတွေက အစီရင်ခံပါတယ်။ ကြေညာချက်အပြီးမှာ စီစီကို ထောက်ခံသူတွေက ကိုင်ရိုမြို့တော်က တာရီအာရင်ပြင်ကို ထွက်လာခဲ့ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ လူတွေက ရင်ပြင်ဆီ စုဝေးလာနေလို့ စစ်တပ်က တာရီအာရင်ပြင်ကို ဦးတည်တဲ့ လမ်းအားလုံးကို ပိတ်ထားပြီး ခြေလျက်သွားသူတွေကိုသာ ၀င်ခွင့်ပေးထားပါတယ်။ အာရပ်ခေါင်းဆောင် တချို့ကလည်း ရွေးကောက်တင်မြှောက်ခံ သမ္မတသစ်ကို ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ခေါင်းဆောင်သစ်အောက်က အီဂျစ်ပြည်သူတွေနဲ့ နိုင်ငံကို ထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up