A d v e r t i s e m e n t With Us

ဒုက္ခသည်များနေ့ ကမ္ဘာတလွှားက ထင်ရှားသူများ ရုပ်သံဖြင့် ကူညီ

ဇွန် ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ကို ကမ္ဘာ့တလွှားက ငွေကြယ်ပွင့်တွေ၊ ထင်ရှားကျော်ကြားသူတွေက ကူညီခဲ့ကြပါတယ်။ un copyကမ္ဘာ့တလွှားက သရုပ်ဆောင်၊ တေးဂီတ၊ စာပေနဲ့ အားကစားနယ်ပယ်တွေက ငွေကြယ်ပွင့် အယောက် ၂၀ က ဒီပွဲအတွက် ၃၀ စက္ကန့်စာ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှု ကြေညာချက်ကို ရိုက်ကူးပေးခဲ့တဲ့သူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် ဒိုင်ယံခရူဂါ၊ ကိုလံဘီယာ ရော့ခ်ဂီတရှင် ဟွမ်းစ်နဲ့ စာရေးဆရာ ခါလစ်ဟိုစီနီတို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ညီလာခံအရ ဒုက္ခသည်ဆိုတာ သူရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ နိုင်ငံရေးထင်မြင်ချက်နဲ့ လူမှုရေးအုပ်စုထဲမှာ အဖွဲ့ဝင် ဖြစ်မှုတွေကြောင့် သုတ်သင်ခံရမှာ၊ စိုးရိမ် ကြောက်လန့်မှုကြောင့် အိုးအိမ်နဲ့ နိုင်ငံကို စွန့်ခွာထွက်ပြေးသူလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ တခါတရံမှာ သဘာဝကပ်ဘေးနဲ့ လူတွေ လုပ်တဲ့ ကပ်ဘေးတွေရဲ့ရလဒ်ကြောင့်လည်း ဒုက္ခသည် ဖြစ်လေ့ ရှိပါတယ်။ ယူအန်အိပ်ခ်ျစီအာရုံးတွေဟာ လောလောဆယ်မှာ နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှာ လုပ်ငန်း လည်ပတ်နေပါတယ်။ ၂၀၁၁ ခုနှစ်က စာရင်းအင်းအရ ကမ္ဘာ့တလွှား မိခင်နိုင်ငံကို စွန့်ခွာထွက်ပြေးရသူ  ဒုက္ခသည်အသစ် ၄၂ သန်းကျော် ရှိပြီး အတင်းနှင်ထုတ်ခံရမှုအဆင့်က မြင့်နေဆဲလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up