Home
သတင်းတို
အနိမ့်ဆုံး လုပ်ခနှုန်းထား ဒီဇင်ဘာမှာ အတည်ပြု ထုတ်ပြန်မည်
DVB
·
June 3, 2014
အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာ လျာထားချက် မူကြမ်းကို စက်တင်ဘာမှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး အခုနှစ်မကုန်ခင် ဒီဇင်ဘာလမှာ အတည်ပြု ထုတ်ပြန် ကျင့်သုံး သွားမယ်လို့ အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။ [caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption] ဇွန် ၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာမှာ ထုတ်ပြန်မယ့် နှုန်းထားဟာ အကြမ်းဖျင်း လျာထားချက် ဖြစ်ပြီး ၂ လ အတွင်း ပြည်သူတွေက အကြံပေးနိုင်သေးတယ်လို့ သူက ရှင်းပြပါတယ်။ ရရှိလာတဲ့ ပြည်သူတွေရဲ့ အကြံပေး ချက်တွေကို ဆွေးနွေးသုံးသပ်ပြီး ဒီဇင်ဘာလ ရောက်ရင် ပြည်ထောင်စုအစိုးရက အတည်ပြုထုတ်ပြန်မယ်လို့ သူက ဆိုပါတယ်။ လောလောဆယ် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် မရှိသေးတာကြောင့် လစာနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားပြသာနာတွေကို ဖြေရှင်းရ ခက်ခဲနေတယ်လို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ခံအမတ်တွေက ပြောဆိုကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024