A d v e r t i s e m e n t With Us

ဘုရင်စနစ် လုံးဝဖျက်သိမ်းရေး စပိန်နိုင်ငံတ၀န်း ဆန္ဒပြ

စပိန်ဘုရင် ပထမမြောက် ဟွမ်ကားလို့စ် (Juan Carlos) က အိမ်ရှေ့မင်းသားကို ဖီလစ်ပေ (Felipe) ကို ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ထီးနန်းလွှဲပြောင်း ပေးအပ်ခဲ့အပြီး စပိန်ဘုရင်စနစ် လုံးဝဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲတွေ စပိန်မြို့ကြီးတွေနဲ့ စပိန်နိုင်ငံတ၀ှမ်းမှာ ဖြစ်ပွားနေပါတယ်။ spain-1.siနန်းသက် ၃၉ နှစ်ရှိခဲ့တဲ့ စပိန်ဘုရင် ဟွမ်ကားလိုစ်ဟာ စပိန်နိုင်ငံ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်း ဖော်ဆောင်သူ ဖြစ်ခဲ့ပြီး လူထုရဲ့ ချစ်ခင်ကြည်ညိုမှုကို ရရှိခဲ့တဲ့ ဘုရင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်နိုင်ငံရဲ့ စီးပွားရေးကျပ်တည်းရတဲ့ အခုနောက်ပိုင်းနှစ်တွေမှာ စပိန်ဘုရင်နဲ့ တော်ဝင်မိသားစုတွေရဲ့ ငွေအသုံးအဖြုန်းကြီးတာတွေနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေကို အပြင်းအထန် ခံနေရချိန်မှာ အခုလို ထီးနန်းလွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၄၆ နှစ်ရှိ အိမ်ရှေ့မင်းသား ဖီလစ်ပေဟာ စတုတ္ထမြောက် ဖီလစ်ပေဘုရင်အဖြစ် ထီးနန်းဆက်ခံမှာ ဖြစ်ပေမယ့် စပိန်လက်ဝဲစွန်းပါတီတွေက ဘုရင်စနစ် ဖျက်သိမ်းရေး လူထုဆန္ဒ ခံယူဖို့ အစိုးရကို တောင်းဆိုနေသလို စပိန်လူငယ်အများစုဟာလည်း သမ္မတဦးဆောင်တဲ့ အစိုးရစနစ်ကိုပဲ ကူးပြောင်းချင်ကြတယ်လို့ ဆန္ဒပြသူတဦးက ပြောဆိုပါတယ်။ ဘာစီလိုနာမြို့ခံတဦးကလည်း အခုလို ထီးနန်းအပြောင်းအလဲမှာ ဘုရင်စနစ်ကိုပဲ ဆက်သွားမလား၊ သမ္မတနိုင်ငံစနစ်ကို ကူးပြောင်းမလားဆိုတာအတွက် အစိုးရအနေနဲ့ ဆန္ဒခံယူပွဲ ကျင်းပပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာမြို့ရှိရာ စပိန်နိုင်ငံအရှေ့ပိုင်းက ကတ်တာလိုးနီးယားပြည်နယ်ဟာ စပိန်နိုင်ငံက ခွဲထွက်ထူထောင်ရေး လူထုဆန္ဒခံယူပွဲကို နိုဝင်ဘာ ၉ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် မာရီယာနို ရာဂျိုင့် (Mariano Rajoy) ဦးဆောင်တဲ့ စပိန်အစိုးရဟာ အလုပ်လက်မဲ့မှု၊ စီးပွားရေးကျပ်တည်းမှုပြဿနာအပြင် ကတ်တာလိုနီးယားပြည်နယ် ခွဲထွက်ရေးစိန်ခေါ်မှုတွေနဲ့ပါ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up