Home
သတင်းတို
ကော်မရှင်သတိပေးချက် အန်အယ်လ်ဒီ ပယ်ချ
DVB
·
June 2, 2014
ဖွဲ့စည်းပုံပြင်ဆင်ရေး  ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဟောပြောချက်တွေဟာ ဥပဒေဘောင်လွန်နေတယ်လို့ ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က   ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး တရားဝင်ပယ်ချလိုက်ပါတယ်။ nld statementမန္တလေးမြို့ အောင်ပင်လယ်ကွင်း  လူထုဟောပြောပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့ပတ်သက်ပြီး စိန်ခေါ်ပြောကြားချက်ဟာ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကျော်လွန်နေ တယ်ဆိုပြီး မေလ ၂၂ ရက်နေ့က  ကော်မရှင်က စာရေးသတိပေးထားခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ဟာ ဖွဲ့စည်းပုံနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီတဲ့အပြင် လူထုထုယုံကြည်အားကိုးပြီး ဂုဏ်သိက္ခာမြင့်မားတဲ့  တပ်မတော်ဖြစ်ရေး ရည်ရွယ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်က ၀င်ရောက်သ တိပေးနေခြင်းဟာ လုံးဝသင့်လျော်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024