A d v e r t i s e m e n t With Us

အင်အားပြင်းထန်သည့် နေရောင်ခြည်စက်ဝန်း ပေါက်ကွဲ

အင်မတန် အင်အား ကြီးမားပြင်းထန်တဲ့ နေရောင်ခြည်စက်ဝန်း ပေါက်ကွဲမှုတရပ် နေရဲ့ဘေးကနေ ပန်းထွက်လာပုံကို အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)ရဲ့ နေနဲ့ နက္ခတာရာ လေ့လာရေးမျှော်စင် (အိုင်အာအိုင်အက်စ်)က ဖြန့်ချိလိုက်ပါတယ်။ sunဒီပုံတွေကို ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပြီး နေရောင်ခြည် စက်ဝန်း ဖြာထွက်မှု နယ်ပယ်ဟာ ကမ္ဘာ့ကြီးရဲ့ ၅ ဆထိ ကျယ်ပြန့်ပြီး အလျားကတော့ ကမ္ဘာထက် ၇ ဆခွဲ ပိုရှည်တယ်လို့ နာဆာက ဆိုပါတယ်။ ကြီးမားတဲ့ နေရောင်ခြည်စက် ၀န်း ဖြာထွက်မှုတရပ်တည်းမှာ ၁ ဘီလီယံတန်လောက် အလေးချိန်ရှိတဲ့ နေရဲ့ အမှုန်တွေဟာ ၁ နာရီကို မိုင်သန်းပေါင်းများစွာ အရှိန်နဲ့ ပေါက်ကွဲ ထွက်နိုင်ပါတယ်။ တကယ်လို့ ဒီ လျှပ်စစ်သံလိုက်လှိုင်းတွေသာ ကမ္ဘာ့မြေဘက်ခြမ်းပေါ် ကျရောက်ခဲ့မယ်ဆိုရင် ဂြိုဟ်တုတွေနဲ့ လျှပ်စစ် တယ်လီကွန်ဆက်သွယ်ရေးတွေအပေါ် သက်ရောက်နိုင်ပါတယ်။ အိုင်အာအိုင်အက်စ်ရဲ့ လေ့လာရေး မျှော်စင်ဟာ နာဆာရဲ့ အသစ်ဆုံး လေ့လာရေးမျှော်စင် ဖြစ်ပြီး လော့ခ်ဟိမာတင် နေနဲ့ အာကာသရူပဗေဒ ဓာတ်ခွဲခန်းက ပုံစံထုတ် စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up