ယူကရိန်းခွဲထွက်ရေးတွေ ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ်တစီး ပျက်ကျ၊ ၁၄ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
603
ယူကရိန်းအရှေ့ပိုင်းက စလာဗီရန်မြို့မှာ ယူကရိန်းခွဲထွက်ရေးတွေက ပစ်ချလိုက်လို့ ယူကရိန်းစစ်ရဟတ်ယာဉ်တစီး မေ ၂၉ ရက်နေ့က ပျက်ကျခဲ့ပါတယ်။
[caption id="attachment_57508" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]ထောက်ပံရေးတာဝန်နဲ့ ယူကရိန်းအရှေ့ပိုင်းကို သွားရောက်စဉ် စလာဗီရန်မြို့အနီးမှာ လေယာဉ်ပစ်ဒုံးကျည်နဲ့ ပစ်ချခံရတာ ဖြစ်တယ်လို့ ယူကရိန်းယာယီသမ္မတ တာချီနော့်က ဆိုပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ယူကရိန်းဗိုလ်ချုပ်ကြီးတဦးအပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုက်ကယ်လို ကိုဗလ်က “ယူကရိန်းသမတသစ် တက်လာ တာနဲ့ ယူကရိန်းအရှေ့ပိုင်းက အကြမ်းဖက်တွေကို အရှိန်မြင့် တိုက်ခိုက်နှိမ်နင်းမယ်လို့ ပြောဆိုပြီး အကြမ်းဖက်စစ်ဆင်ရေးမပြီးမချင်း ယူကရိန်းစစ်လေယာဉ်တွေ ဆက်လက်ပျံသန်းနေမှာ ဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ ခွဲထွက်ရေးသူပုန်တွေအရေးနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် ယူကရိန်းသမ္မတသစ် ရွေးချယ်ခံရအပြီး မေ ၂၆ ရက်နေ့ကစပြီး စစ်အင်အားပြည့်နဲ့ အရှိန်မြင့် တိုက်ခိုက်ခဲ့ပါတယ်။ ဒီတပတ်အတွင်း ယူကရိန်းခွဲထွက်ရေးသူပုန် အယောက် ၅၀ လောက် သေဆုံးခဲ့ကြ ပါတယ်။
ယူကရိန်းသမ္မတသစ်အဖြစ် ရွေးကောက်ခံရတဲ့ ပိုရိုရှန်ကိုဟာ ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေအရေးကိစ္စကို အထိရောက်ဆုံး အရေးယူဖြေရှင်းသွားမယ်လို့ ယူကရိန်းပြည်သူတွေကို စည်းရုံးမဲဆွယ်ခဲ့ပြီး ၁၉၉၁ နောက်ပိုင်း လူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ တက်လာတဲ့ ပထမဆုံး ယူကရိန်းသမ္မတသစ်လည်း ဖြစ်လာပါတယ်။
