အမေရိကန် စာရေးဆရာမ မာယာ အိန်ဂျလို ကွယ်လွန်

640
အမေရိကန် စာရေးဆရာမကြီးနဲ့ ကဗျာဆရာမကြီး မာယာ အိန်ဂျလို (Maya Angelou) ဟာ မေ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဆရာမကြီး ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး ဘ၀တလျှောက်လုံး လူမျိုးရေး ခွဲခြားမှု၊ ကျားမခွဲခြားမှု နဲ့ ဘ၀ဇာတ်ကြောင်းတွေအကြောင်း ကဗျာတွေ၊ စာပေတွေ အများအပြား ရေးသားခဲ့ပါတယ်။
ဆရာမကြီးရဲ့ "I Know Why the Caged Bird Sings" ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဟာ ၁၉၇၀ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး တဟုန်ထိုး နာမည်ကြီးခဲ့ပြီး အမေရိကန်ဂန္တ၀င်စာပေလို့ သတ်မှတ်ကြပါတယ်။
ဆရာမကြီးရဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ "Mom & Me & Mom" ကို ၂၀၁၃ နှစ်ဆန်းပိုင်းက ထုတ်ဝေခဲ့ပါတယ်။
ခေတ်သစ်နည်းပညာတွေ ဘယ်လောက်တိုးတက်ပေမယ့်လည်း စာဖတ်ခြင်းက အရေးကြီးနေဆဲလို့ စာရေးဆရာမကြီးက ယုံကြည်ပါတယ်။
စာအုပ်ကို လက်ကကိုင်ပြီး အသံနေ၊ အသံထားနဲ့ ဖတ်မှ စာပေက အသက်ဝင်လာပြီး ကိုယ်တွေ့ခံစားရတာလို့ ပြောဆိုပါတယ်။ ကဗျာဆရာမကြီးရဲ့ အနှစ်သက်ဆုံးပုံစံဟာ ကဗျာစာပေလို့ ပြောဆိုပါတယ်။
