Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
လှိုင်သာယာ- ဟင်္သာတ ရထားလမ်းပိုင်း သိမ်းဆည်းမြေ လျော်ကြေး ၄ ဘီလီယံ ပေးမည်
DVB
·
May 29, 2014
ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ ရထားလမ်းဖောက်လုပ်စဉ်က သိမ်းယူထားခဲ့တဲ့ လယ်မြေ၊ နှစ်ရှည်သီးနှံ၊ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး လျော်ကြေး ပမာဏ ကျပ်ငွေ ၄ ဘီလီယံဖိုးနီးပါး ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။ Train 1ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ လှိုင်သာယာ - ဟင်္သာတ ရထားလမ်းပိုင်းဖွင့်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက သတင်းထောက်တွေကို အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီ ရထားလမ်း စီမံကိန်းအတွက် ရထားလမ်း ဖြတ်သန်းသွားတဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူနဲ့ ညောင်တုန်းမြို့တွေက မြေဧက စုစုပေါင်း ၁၅၀၀ လောက်ရှိပါတယ်။ မိုင်ပေါင်း ၉၀ ကျော် ရှည်လျားတဲ့ ဒီ ရထားလမ်း ဖောက်စဉ်အခါက လျော်ကြေး ကျပ် သိန်း ၁၅၀၀ နီးပါး ပေးထားပြီ ဖြစ်ပြီး ကျန်တဲ့ လျော်ကြေးတွေကိုလည်း ဆက်ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024