ပြည်တွင်းမှာ နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လုပ်ကိုင်လာလို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ချေးငွေ အရင်းနှီးတွေကို ပြည်တွင်းမှာ တိုက်ရိုက်ချေးယူနိုင်တော့မှာ ဖြစ်ပါတယ်။
[caption id="attachment_40566" align="alignright" width="310"] ဦးဆက်အောင်[/caption]ဒီလို တိုက်ရိုက်ချေးယူနိုင်ခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်ပူပန်နေရတဲ့ Exchange rate risk ကို လျှော့ချနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ ဘဏ်လုပ်ငန်းစနစ်တွေလည်း တိုးတက်ကောင်းမွန်လာမယ်လို့ သိရပါတယ်။
ဒါပေမယ့် တဖက်ကလည်း ပြည်တွင်းဘဏ်လုပ်ငန်းတွေအနေနဲ့ နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လုပ် ကိုင်လာမယ့်အပေါ် စိုးရိမ်ပူပန်မှုကလည်း ရှိနေပါတယ်။
ဒါကြောင့် ဒီစိုးရိမ်မှုအပေါ် လွန်ကဲပြီး တံခါးပိတ် ကျင့်သုံးခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ် စီးပွားရေးစနစ်ဆီ ပြန်ရောက်သွားဖို့ပဲ ရှိတော့တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက သတိပေး ပြောကြားလိုက်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဆက်အောင် နဲ့ ဒီဗွီဘီသတင်းထောက် ကိုသိုက်ဇင်က တွေ့ဆုံမေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်