Home
သတင်းတို
ဟောလီးဝုဒ်ကားများ ရန်ကုန်တွင် ၀င်ငွေကောင်း
DVB
·
May 28, 2014
အမေရိကန်ပြည်ထောင်စုမှာ ရုံတင်ပြီး ၂ ပတ်အကြာ ရန်ကုန်မြို့လယ် ရုံတွေမှာ ရုံတင်ပြသတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားသစ်တွေ အောင်မြင်မှု ရနေတယ်လို့ မြို့လယ် ရုပ်ရှင်ရုံတွေကနေ စုံစမ်းသိရပါတယ်။ 140521114623-01-x-men-splits-horizontal-galleryအမေရိကန်မှာ ရုံတင်ပြီး ပထမအပတ်အတွင်း ဒေါ်လာ သန်း ၉၀ ကျော်ရခဲ့တဲ့ ဂေါ်ဇီလာ ဇာတ်ကား ရန်ကုန်မှာ ရုံတင်တဲ့အခါ ရုံပြည့်ရုံလျှံ အားပေးကြရုံမက နောက်ထပ် ၂ ရက်၊ ၃ ရက်စာ ကြိုတင်လက်မှတ် ရောင်းကုန်ခဲ့တယ်လို့ မင်္ဂလာ ရုပ်ရှင်ရုံ အုပ်စုက စုံစမ်းသိရပါတယ်။ အလားတူ ရှေ့ပိုင်းမှာ ရုံတင်ခဲ့တဲ့ စပိုင်ဒါမင်း (ပင်ကူလူသား) ဇာတ်ကားလည်း အောင်မြင်မှု ရရှိခဲ့ပြီး လက်ရှိ အမေရိကန်နိုင်ငံမှာ ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့ ၀င်ငွေ စံချိန်တင်ထားတဲ့ X-men ဇာတ်ကားကိုလည်း လာမယ့် မေ ၃၀ ရက်နေ့ ရှေ့ဆောင်ရုံနဲ့ အခြားရုံတွေမှာ ရုံတင်ပြသမယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024