Home
Lead Story
ဘရာဇီးဘောလုံးအသင်း စီးလာသည့်ကား ဆန္ဒပြခံရ
DVB
·
May 27, 2014

ဘရာဇီလ်းနိုင်ငံမှာ ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာဖလားပြိုင်ပွဲအတွက် ကုန်ကျစရိတ်တွေကြောင့် ပြည်သူတွေက ရီယိုဒီဂျေနေးယိုမြို့တော်မှာ ဆန္ဒပြနေကြပါတယ်။

brazilကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ဘရာဇီးအသင်း တောင်ပေါ် က လေ့ကျင်ကွင်းကို သွားရောက်ဖို့ ကစားသမားတွေ တင်လာတဲ့ကားကို ဆန္ဒပြ ဆရာမတွေက ၀န်းရံခဲ့ပြီး ပြိုင်ပွဲကို ဆန့်ကျင်တဲ့ ကြွေးကြော် သံတွေ အော်ဟစ်ခဲ့ပါတယ်။

ရီယိုဒီဂျေနေးယိုမှာ ကျောင်းဆရာနဲ့ ဆရာမတွေက မေ ၁၂ ရက်နေ့ ကတည်းက ဆန္ဒပြခဲ့ပြီး အလုပ်လစာ ကောင်းကောင်းနဲ့ လုပ်ငန်းခွင်အခြေအနေ ကောင်းဖို့အတွက် တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အရင်နှစ်ကလည်း သန်းနဲ့ချီတဲ့ ဘရာဇီးလ်ပြည်သူတွေက ညံ့ဖျင်းတဲ့ လူထု ၀န်ဆောင်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ ကမ္ဘာ့ဖလား ကုန်ကျစရိတ်တွေကြောင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဘရာဇီးလ်ရဲ့ ဂန္တ၀င် ကစားသမားနဲ့ ဖီဖာ ကမ္ဘာဖလား သံတမန် ရော်နယ်ဒိုကလည်း ပြိုင်ပွဲအတွက် အခြေခံအဆောက်အဦတွေ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ နှောင့်နှေးနေမှုကို ပြစ်တင်လိုက်ပါတယ်။

အရင်ရက်ပိုင်းကလည်း ဆန္ဒပြမှုတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ထိခိုက်မှာကို စိုးရိမ်တဲ့အကြောင်း ဘရာဇီးလ် ဂန္တ၀င်ကစားသမား ပီလီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဇွန် ၁၂ ရက်နေ့ အဖွင့်ပွဲစဉ် အဖြစ် ဘရာဇီလ်းဟာ ခရိုအေးရှားအသင်းနဲ့ ဆာပေါ်လိုမှာ ကစားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024