လီဗာပူးလ်အသင်း နည်းပြ ရော်ဂျာကို ကာလရှည် သက်တမ်းတိုး

အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူလ်း အသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာက အသင်းနဲ့ ရေရှည်လက်တွဲဖို့ စာချုပ်ကို လတ်မှတ်ရေးထိုးလိုက်ပါတယ်။

2014-05-05T184945Z_2106-474770 copyအသက် ၄၁ နှစ်အရွယ် ရော်ဂျာက “ဒီလို ခမ်းနားတဲ့ ကလပ်အသင်းမှာ ကျနော်ကို ဆက်နေဖို့ အခွင့်အရေးကမ်းလှမ်းခံရတာဟာ အခွင့် ထူးတခုဖြစ်တယ်” လို့ ပြောပါတယ်။

အသင်းပိုင်ရှင် ဂျွန်ဟင်ရီနဲ့ ဥက္ကဋ္ဌတွမ်ဝမ်နာတို့ကလည်း ရော်ဂျာကို ရရှိတာဟာ အလွန် ကံကောင်းတယ်လို့ ပူတွဲ ထုတ်ပြန်ချက်ကနေတဆင့် ပြောဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ ရော်ဂျာကို ကင်နီ ဒဲဂလစ် နေရာမှာ ဆက်ခံဖို့ ခန့်အပ်ခဲ့တာဖြစ်ပြီး  ၄ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၀င်ခွင့်ရဖို့ စွမ်းဆောင်ပေးခဲ့ပါတယ်။

ဆွမ်ဆီး၊ ၀က်ဖိုဒ်နဲ့ ရီဒင်း အသင်းရဲ့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးသူ ရော်ဂျာကို လိဂ်မန်နေဂျာအဖွဲ့က ဒီနှစ်ဘောလုံးရာသီအတွက် အကောင်းဆုံး မန်နေဂျာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံး ရာသီမှာ လီဗာပူလ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာကနေ ရပ်တည်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up