Home
သတင်းတို
ရန်ကုန် အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ရန် ကုမ္ပဏီ ၇ ခု လျှောက်ထား
DVB
·
May 27, 2014

ရန်ကုန်တိုင်းအတွင်း ပုဂ္ဂလိက အမှိုက်သိမ်း ၀န်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ပြည်တွင်းနဲ့ ပြည်ပဖက်စပ် ကုမ္ပဏီ ၇ ခု တရားဝင်လျှောက်ထားခဲ့ကြပြီး အဲဒီ ကုမ္ပဏီတွေကို အခုနှစ်ကုန်အထိ လေ့လာခွင့်ပေးထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းမှုဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

plasticဒီ ကုမ္ပဏီတွေဟာ လုပ်ငန်းစိတ်ဝင်စားကြေး ကျပ် သိန်း ၅၀ ဆီ ပေးသွင်းရမယ်ဖြစ်ပြီး လက်ရှိ ရန်ကုန်စည်ပင်က ဆောင်ရွက်နေတဲ့ အမှိုက်သိမ်းတာနဲ့ သိမ်းပြီးအမှိုက် သယ်ယူတာ တွေကို လေ့လာ ရမှာ ဖြစ်ပါတယ်။

လေ့လာပြီးနောက် ကိုယ် ဘယ်အပိုင်းတွေကို ဘယ်လိုပုံစံ လုပ်ကိုင်မလဲဆိုတာ နှစ်မကုန် ခင် ပြန်တင်ပြရမယ်လို့ ရှင်းပြပါတယ်။

တင်ဒါအောင် လုပ်ခွင့်ရ ကုမ္ပဏီကို ဒီဇင်ဘာမှာ ရွေးချယ် ကြေညာမှာ ဖြစ်ပြီး ၂၀၁၅ ဧပြီ ၁ ရက်နေ့ကစပြီး လုပ်ကိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024