Homeမေးမြန်းခန်း
ဖေ့စ်ဘွတ်လူမှုကွန်ရက်သုံးပြီး ပရဟိတလုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သူ လူငယ်တဦးနဲ့ ဆက်သွယ်မေးမြန်းချက်
ဖေ့စ်ဘွတ်လူမှုကွန်ရက်သုံးပြီး ပရဟိတလုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သူ လူငယ်တဦးနဲ့ ဆက်သွယ်မေးမြန်းချက်
ရွှေအောင်
·
May 25, 2014
တကိုယ်တော် ပရဟိတသမားများ ကွန်ယက်ထူထောင်သူ လူငယ်တဦးဖြစ်တဲ့ မခင်နှင်းကြည်သာ ဟာ ပဉ္စမအကြိမ်မြောက်ချီးမြှင့်ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆု ရရှိခဲ့ပါတယ်။
မြန်မာပြည်သူလူထုတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက် နေသူတွေကို ပြည်ပရောက်မြန်မာတွေက နှစ်စဉ်ချီးမြှင့် ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်သန်းမြင့်အောင်က ရရှိပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုတွေကိုတော့ ၀မ်းမိုးပရဟိတအဖွဲ့၊ ပန်းစကားအဖွဲ့တို့နဲ့အတူ လူငယ်တဦးဖြစ်တဲ့ မခင်နှင်းကြည်သာက ထူးထူးခြားခြား ရရှိခဲ့တာဖြစ်ပါတယ်။
တခါ သူဟာ ဖေ့စ်ဘွတ်လူမှုကွန်ရက်ကိုသုံးပြီး သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သူ လူငယ်တဦးလည်း ဖြစ်ပါတယ်။
မခင်နှင်းကြည်သာရဲ့ ပရဟိတလုပ်ငန်း လုပ်ကိုင်ခဲ့ပုံတွေအကြောင်း ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။