ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားတွေနှင့် လေထီးတပ်သားတွေ တိုက်ပွဲဖြစ်

ယူကရိန်းနိုင်ငံတွင်း သမ္မတရွေးကောက်ပွဲ မကျင်းပမီ အကြိုည မေလ ၂၄ ရက်နေ့ညက လေထီးတပ်သားတွေက နိုင်ငံအရှေ့ပိုင်းမှာ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အစွန်းရောက်သမား ဆန့်ကျင်မှု စစ်ဆင်ရေးလို့ အစိုးရက နာမည်တပ်ထားတဲ့ တပ်ဖွဲ့ဝင်တွေက သူတို့ကို စလာဗီယန့်စ်နဲ့ လူဟန့်စ် ဒေသ ၂ ခုကြား လမ်းမကြီးပေါ်က စစ်ဆေးရေးစခန်းမှာ မော်တာနဲ့ တိုက်ခိုက်တာ ခံရတယ်လို့ ပြောပါတယ်။ ဒါကြောင့် အစိုးရတပ်တွေက မော်တာတွေ နဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ Ukraineအဲဒီဒေသ ၂ ခုဟာ ရုရှ လိုလားသူ ခွဲထွက်ရေးသမားတွေက တစိတ်အပိုင်း ထိန်းချုပ်ခံထားရတဲ့ ဒေသတွေပါ။ ဒီစစ်ဆေးရေးစခန်းတွေဟာ ပုံမှန် တိုက်ခိုက်ခံနေရတာဖြစ်ပြီး စလာဗီယန့်စ်နဲ့ လူဟန့်က လက်နက်ကောင်းကောင်း တပ်ဆင်ထားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ချိတ်ထားတဲ့ လမ်းဆုံမှာ ရှိပါတယ်။ အဲဒီမှာ အခြေချထားတဲ့ လေထီးတပ်ကတော့ ပုံမှန်အားဖြင့် သူတို့ဟာ တရက် ၂ ကြိမ် တိုက်ခိုက်ခံရတယ်လို့ ပြောပါတယ်။ ခွဲထွက်ရေးသမားတွေကတော့ ဒေသ၂ခုအတွင်း သူတို့ အင်အားကို ကျစ်လစ်အောင် လုပ်နေပြီး နယ်မြေ ပိုရဖို့ကြိုးစားနေတာပါ။ ဒေသခံတွေကတော့ ကျန်ခဲ့တဲ့ ရက်တွေအတွင်း တိုက်ခိုက်မှုတွေ ပိုတိုးလာနေတယ်လို့ ပြောပါတယ်။ စလာဗီယန့်မြို့နားက တခြား တိုက်ခိုက်မှုတခုကြောင့် အနည်းဆုံး နိုင်ငံခြား သတင်းထောက် ၁ ယောက် ဒဏ်ရာရပါတယ်။ အင်တာဖက်စ် ယူကရိန်း သတင်းဌာနကတော့ စစ်ရေးပညာရှင် ဒမစ်ထရီ တင်ချပ် ကို ကိုးကားပြီး စလာဗီယန့်စ် စစ်ဆေးရေးစခန်းမှာ လက်နက်ကိုင် အမျိုးသားတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ယောက် အသတ်ခံရတယ်လို့ ပြောပါတယ်။ ဘယ်နေရာဆိုတာကိုတော့ တိတိကျကျ မပြောသွားပါဘူး။ တိုက်ခိုက်မှုအတွင်း စစ်သည်လေးယောက်လည်း ဒဏ်ရာရပါတယ်။ စစ်သွေးကြွတွေဟာ အလိုအလျောက် ပစ်ခတ်တဲ့ သေနတ်တွေ မော်တာတွေနဲ့ ဂရက်နိုက် လောင်ချာတွေကို သုံးခဲ့တယ် စစ်ဆေးရေးစခန်းတွေကိုတော့ မော်တာတွေနဲ့ တိုက်ခိုက်ခံနေရ တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up