၁၇ ကြိမ်မြောက် အင်းချမ်း အာရှအားကစားပြိုင်ပွဲ မြောက်ကိုရီးယား ၀င်ရောက်ယှဉ်ပြိုင်မည်

တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ နိုင်ငံရေး၊ စစ်ရေးတင်းမာမှုတွေ ရှိနေပေမယ့်လည်း ဒီနှစ် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ၁၇ ကြိမ်မြောက် အင်းချမ်း အာရှအားကစားပြိုင်ပွဲကို မြောက်ကိုရီးယားနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနက မေလ ၂၃ ရက်နေ့က ကြေညာပါတယ်။ incheon-games-1792242ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ခင်မင်ရင်းနှီးမှုတွေအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ၁၉၅၀-၁၉၅၃ ကိုရီးယားနှစ်နိုင်ငံ စစ်ဖြစ်ခဲ့ကြပြီးနောက်ပိုင်း တဖက်နဲ့တဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ တပတ်မှာကို ဖြစ်ခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ကိုရီးယားနိုင်ငံ၊ ဘူဆမ်မြို့မှာကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲကိုတော့ မြောက်ကိုရီးယားနိုင်ငံက အားကစားသမားနဲ့ အားပေးသူ အယောက် ၃၀၀ ကျော် စေလွှတ်ခဲ့ပါတယ်။ အခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ကျင်းပမယ့် အာရှ အားကစားပြိုင်ပွဲကို မြောက်ကိုရီးယားနိုင်ငံအပါအ၀င် အာရှနိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားမျိုး ၃၆ မျိုးနဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up